ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
သုတ္တံကျမ်း။ 23:9 - Common Language Bible မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။ Garrad Bible မိုက် မဲ သူ နား ကြား အောင် မ ပြော နှင့်။ သင့် ပ ညာ စ ကား ကို မ ထီ မဲ့ မြင် ပြု လိမ့် မည်။ Judson Bible မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ပါသောပညာကို မထီမဲ့မြင် ပြုလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူ၏ရှေ့တွင် စကားမပြောနှင့်။ အကြောင်းမူကား သူသည် သင်၏စကားများ၌ပါသောဉာဏ်စွမ်းကို မထီမဲ့မြင်ပြုလိမ့်မည်။ |
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။
ထိုအခါလူတို့သည်ဟေဇကိမှာကြား လိုက်သည်အတိုင်းဆိတ်ဆိတ်နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍မပြောကြ။-
``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။
ငွေကိုတပ်မက်သူများဖြစ်သည့်ဖာရိရှဲများ သည်ထိုစကားများကိုကြားလျှင်ကိုယ်တော် ကိုသရော်ကြ၏။-
လူအချို့တို့က ``ဤသူသည်နတ်မိစ္ဆာစွဲကပ် သောသူရူးဖြစ်၏။ အဘယ်ကြောင့်သူ့စကား ကိုသင်တို့နားထောင်ကြသနည်း'' ဟုဆိုကြ ၏။
ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။-
ကိုယ်တော်၏အနီးတွင်ရှိနေကြသောဖာရိရှဲ တို့သည်ထိုစကားတော်ကိုကြားသဖြင့် ``အကျွန်ုပ် တို့သည်လည်းမျက်မမြင်များဖြစ်သည်ဟုဆိုလို ပါသလော'' ဟုမေးကြ၏။
ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-
သူသေတို့ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကိုကြားသောအခါ လူအချို့တို့သည်ပြောင် လှောင်ကြ၏။ သို့ရာတွင်အချို့သောသူတို့က မူ ``သင်ပြောဆိုနေသည့်အကြောင်းအရာကို ငါတို့တစ်ဖန်ကြားလိုပါသည်'' ဟုဆိုကြ၏။-