သုတ္တံကျမ်း။ 23:22 - Common Language Bible သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။ Garrad Bible သင့် အား ဖြစ် ပွား စေ သော အ ဘ၏ စ ကား ကို နာ ခံ၍၊ အ သက် ကြီး ရင့် သော အ မိ ကို လည်း၊ မ ထီ လေး စား မ ပြု နှင့်။ Judson Bible သင့်ကို ဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင်မပြုနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သင့်ကိုမွေးဖွားလာစေသော သင့်ဖခင်၏စကားကို နားထောင်လော့။ သင့်မိခင်အိုမင်းသောအခါလည်း မထီမဲ့မြင်မပြုနှင့်။ |
ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
``အသက်ကြီးသူတို့ကိုရိုသေကိုင်းရှိုင်းရမည်။ ငါ့ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
`သင်၏မိဘကိုရိုသေမြတ်နိုးလော့။ မိဘကို ကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုမောရှေ ကပညတ်ခဲ့၏။-
`` `ဖခင်သို့မဟုတ်မိခင်၏အသရေကို ရှုတ်ချသောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။