သုတ္တံကျမ်း။ 23:19 - Common Language Bible ငါ့သား၊ ငါ့စကားကို နားထောင်၍ ပညာရှိသ ဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။ Garrad Bible ငါ့ သား နား ထောင်၍၊ ပ ညာ ကို ရ ရှိ လော့။ စိတ် နှ လုံး အား လည်း၊ လမ်း ပြ လော့။ Judson Bible ငါ့သား၊ ငါ့စကားကိုနားထောင်၍ ပညာရှိသဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။ မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ သင်သည်နားထောင်၍ ဉာဏ်ပညာရှိလော့။ သင်၏စိတ်နှလုံးကိုလည်း လမ်းတော်သို့ လိုက်စေလော့။ |
ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။
အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
မိဘတို့က`အကျွန်ုပ်တို့၏သားသည်ခေါင်း မာ၍မိဘကိုတော်လှန်၍ မိဘစကားကို နားမထောင်ပါ။ ငွေကိုဖြုန်းတီး၍အရက် သေစာသောက်ကြူးပါသည်' ဟူ၍လျှောက် ဆိုရမည်။-
သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။-