ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။
သုတ္တံကျမ်း။ 23:13 - Common Language Bible သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။ Garrad Bible သူ ငယ် ကို မ ဆုံး မ ဘဲ မ နေ သင့်။ ကြိမ် လုံး နှင့် ရိုက် နှက် လျှင် မ သေ မည် မ က၊ ကြိမ် လုံး နှင့် ရိုက် နှက် သ ဖြင့်၊ Judson Bible သူငယ်ကို မဆုံးမဘဲ မနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။ မြန်မာ့စံမီသမ္မာကျမ်း ကလေးသူငယ်ကို ဆုံးမပဲ့ပြင်ခြင်းမပြုဘဲမနေနှင့်။ သူ့ကိုကြိမ်လုံးနှင့်ရိုက်သော်လည်း သူမသေနိုင်။ |
ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။
မြော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမ လော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ်မရှိစေ နှင့်။
မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။
ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။
သင်တို့ဆင်းရဲဒုက္ခခံရခြင်းသည်ဖခင်၏ ဆုံးမခြင်းကိုခံရသည်ဟုခံယူရကြမည်။ ယင်းသို့ခံရခြင်းသည်သင်တို့အားသားများ အနေဖြင့် ဘုရားသခင်ဆက်ဆံလျက်ရှိတော် မူကြောင်းကိုပြ၏။ ဖခင်မဆုံးမသောသား ဟူ၍အဘယ်မှာရှိသနည်း။-