ထာဝရဘုရား၏ကတိတော်များကို ယုံကြည်စိတ်ချနိုင်၏။ မီးဖို၌ခုနစ်ကြိမ်ချွတ်ပြီးသောငွေစင်ကဲ့သို့ ယုံကြည်စိတ်ချနိုင်၏။
သုတ္တံကျမ်း။ 22:20 - Common Language Bible သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသော အရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။ Garrad Bible သ စ္စာ စ ကား ကို သေ ချာ စွာ သိ ကျွမ်း လျက်၊ သင့် ကို လွှတ် လိုက် သော သူ တို့ အား၊ ၎င်း စ ကား မျိုး ကို ပြန် ကြား ခွင့် ရ ရှိ စေ ရန်၊ အ သိ ပ ညာ နှင့် အ ကြံ အ စည် အ ကြောင်း ကို၊ ယ မန် က ရေး လိုက် ပြီ မ ဟုတ် လော။ Judson Bible သင်သည် သမ္မာတရားစကားစစ်ကို သိမည်အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာစကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသောအရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် အကြံပြုချက်နှင့်အသိပညာဆိုင်ရာ စကားအခွန်းသုံးဆယ်ကို သင့်အတွက် ရေးထားပြီမဟုတ်လော။ |
ထာဝရဘုရား၏ကတိတော်များကို ယုံကြည်စိတ်ချနိုင်၏။ မီးဖို၌ခုနစ်ကြိမ်ချွတ်ပြီးသောငွေစင်ကဲ့သို့ ယုံကြည်စိတ်ချနိုင်၏။
ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာစကားဖြစ်၏။
ငါသည်သူတို့အတွက်များစွာသောပညတ် များကိုရေးချပေးသော်လည်းသူတို့က ထိုပညတ်များသည်သူတို့နှင့်မဆိုင်၊ ထူး ဆန်းသည်ဟူ၍ပစ်ပယ်ကြ၏။-