ဟောရှေ 8:12 - Common Language Bible12 ငါသည်သူတို့အတွက်များစွာသောပညတ် များကိုရေးချပေးသော်လည်းသူတို့က ထိုပညတ်များသည်သူတို့နှင့်မဆိုင်၊ ထူး ဆန်းသည်ဟူ၍ပစ်ပယ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ငါ သည် ပ ညတ် တ ရား တော် ကို၊ အ ထပ် ထပ် ရေး သား သော် လည်း၊ တ ရား စိမ်း ဟု ထင် မှတ် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible12 ငါ့တရား၏ထူးဆန်းသောအရာတို့ကို သူ့အဖို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသောအရာဟူ၍ သူသည် မှတ်လေပြီတကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ငါသည် သူတို့အဖို့ ပညတ်ချက်များကို ထောင်သောင်းမက ရေးပေးသော်လည်း သူတို့နှင့်မစပ်ဆိုင်ဟု ထင်မှတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
``သို့ရာတွင်ကိုယ်တော်၏လူမျိုးတော်သည် ပုန်ကန်ကာကိုယ်တော်၏စကားကို နားမထောင်ကြပါ။ သူတို့သည်ကိုယ်တော်၏ပညတ်တရားတော်ကို ပစ်ပယ်ကြပါ၏။ မိမိတို့အားသတိပေးသူ၊ မိမိတို့အား ကိုယ်တော်ထံပြန်လာရန် ပြောကြားသူပရောဖက်များအား သတ်ဖြတ်ကြပါ၏။ သူတို့သည်ကိုယ်တော်အားအကြိမ်ကြိမ် စော်ကားကြပါ၏။