သုတ္တံကျမ်း။ 21:17 - Common Language Bible ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို ကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ။ Garrad Bible ပျော် ရွှင် ခြင်း ကို ခုံ မင် သော သူ သည်၊ ဆင်း ရဲ သော အ ဖြစ် သို့ ရောက် လိမ့် မည်။ စ ပျစ် ရည် နှင့် နံ့ သာ ဆီ ကို ခုံ မင် သော သူ လည်း၊ မ ကြွယ် ဝ နိုင်။ Judson Bible ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။ စပျစ်ရည်နှင့် ဆီကိုကြိုက်သောသူသည်လည်း ငွေကိုမရတတ်ရ။ မြန်မာ့စံမီသမ္မာကျမ်း အပျော်အပါးကိုနှစ်သက်သောသူသည် ချို့တဲ့နွမ်းပါးသောသူဖြစ်သွားလိမ့်မည်။ စပျစ်ဝိုင်နှင့်ဆီကိုနှစ်သက်သောသူသည်လည်း ချမ်းသာကြွယ်ဝလာလိမ့်မည်မဟုတ်။ |
ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။
သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။
သို့ရာတွင်အပျော်အပါးမက်သောမုဆိုး မမူကား အသက်ရှင်လျက်ပင်ရှိသော်လည်း အသေကဲ့သို့ဖြစ်၏။-
သစ္စာဖောက်သူ၊ အရမ်းမဲ့ပြုမူသူ၊ မာနကြီးသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက်ကာမဂုဏ် ခံစားမှုကိုပို၍နှစ်သက်သူ၊-