သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင် ``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။ လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။
သုတ္တံကျမ်း။ 20:5 - Common Language Bible လူစိတ်နှလုံး၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း၊ ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။ Garrad Bible လူ့ စိတ် နှ လုံး၌ အ ကြံ အ စည် သည်၊ နက် သော တွင်း ရေ နှင့် တူ သော် လည်း၊ ဉာဏ် ပ ဋိ ဘာန် ရှိ သော သူ သည်၊ ခပ် ယူ နိုင်၏။ Judson Bible လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း လူ၏စိတ်နှလုံး၌ရှိသောအကြံဉာဏ်သည် နက်သောရေနှင့်တူ၏။ သို့သော် ထိုးထွင်းဉာဏ်ရှိသောသူသည် ၎င်းကိုခပ်ယူလိမ့်မည်။ |
သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင် ``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။ လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။
နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။
ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို။ ထိုကြောင့် စပါးရိတ်သော ကာလ၌သူတပါးကို တောင်းသော်လည်း မရရာ။
လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာ ရှိသော သူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
လူတစ်စုံတစ်ယောက်၏အကြောင်းအလုံးစုံ ကို ထိုလူအတွင်း၌ရှိသောစိတ်ဝိညာဉ်ကသာ သိ၏။ ထိုနည်းတူဘုရားသခင်၏အကြောင်း တော်အလုံးစုံကို ကိုယ်တော်၏ဝိညာဉ်တော် ကသာသိတော်မူ၏။-