ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။-
သုတ္တံကျမ်း။ 20:22 - Common Language Bible ငါသည်ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရ ဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူ လိမ့်မည်။ Garrad Bible အ ဆိုး အ တွက် လက် စား ချေ မည် ဟု မ ဆို နှင့်။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လော့။ ကယ် တင် တော် မူ လိမ့် မည်။ Judson Bible ငါသည် ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း “မကောင်းမှုကိုငါတုံ့ပြန်မည်”ဟု မဆိုနှင့်။ ထာဝရဘုရားကိုသာ စောင့်မျှော်လော့။ သို့ပြုလျှင် ကိုယ်တော်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ |
ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။-
ထာဝရဘုရားအားကိုးစားလော့။ စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။
ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။ သူတို့သည်ကိုယ်တော်၏ထံတော်တွင် ခိုလှုံကြသည်ဖြစ်၍ကိုယ်တော်သည်သူတို့အား သူယုတ်မာများ၏လက်မှကယ်တော်မူ၏။
အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။
သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ်၏။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ၏။
သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့်။
သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။-
ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
အဘယ်သူမျှရန်တုံ့မမူစေနှင့်။ အချင်းချင်း တို့၏ကောင်းကျိုးနှင့်လူခပ်သိမ်းတို့၏ကောင်း ကျိုးကို အစဉ်အမြဲရှာရန်ကြိုးစားအား ထုတ်လော့။
မိမိအားပုတ်ခတ်ပြောဆိုသောအခါတုံ့ပြန် ပုတ်ခတ်ပြောဆိုမှုပြုတော်မမူ။ ဝေဒနာခံ တော်မူရသောအခါခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မှန်စွာတရားစီရင်တော်မူသောဘုရား သခင်၏လက်တော်သို့မိမိ၏အမှုကိုအပ် တော်မူ၏။-
အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-
သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့် အညီဆင်းရဲခံရကြသူတို့သည်အကျင့် ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော် မူ၍သစ္စာတည်တော်မူသောအရှင်၏လက် တော်သို့မိမိတို့ကိုယ်ကိုအပ်နှံကြစေ။
ထိုအခါဒါဝိဒ်သည်သူတို့အား``ဋ္ဌားကိုခါး တွင်ပတ်စည်းကြလော့'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ပတ်စည်းကြ၏။ ဒါဝိဒ် သည်လည်းမိမိ၏ဋ္ဌားကိုခါးတွင်ပတ်စည်း ကာ လူလေးရာခန့်နှင့်အတူထွက်ခွာသွား လေသည်။ လူနှစ်ရာကိုမူစခန်းစောင့်ရန် ထားခဲ့၏။