ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။ ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။
သုတ္တံကျမ်း။ 19:1 - Common Language Bible ကောက်လိမ်သော စကားကိုသုံးတတ်သော လူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲ သူသည်သာ၍ ကောင်း၏။ Garrad Bible စဉ်း လဲ တတ် သော နှုတ် ရှိ၍ မိုက် မဲ သူ ထက်၊ ရိုး သား စွာ လိုက်လျှောက် သော သူ ဆင်း ရဲ သည်၊ သာ၍ မြတ်၏။ Judson Bible ကောက်လိမ်သော စကားကို သုံးတတ်သောလူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲသူသည် သာ၍ကောင်း၏။ မြန်မာ့စံမီသမ္မာကျမ်း တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသားသည် ကောက်ကျစ်သောစကားကိုပြောဆိုသည့် လူမိုက်ထက် ပို၍ကောင်း၏။ |
ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။ ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။
သူသည်အစဉ်ပင်သူတစ်ပါးတို့အားရက်ရောစွာ ပေးကမ်းချေးငှားတတ်၏။ သူ၏သားသမီးများသည်လည်းကောင်းချီး မင်္ဂလာကိုခံရကြ၏။
ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။
နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။
ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။
လူသည်စေတနာရှိလျှင် ကျေးဇူးပြုရာ ရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသာသုံးသော သူထက်သာ၍ ကောင်း၏။
ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ် သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲ သားသည် သာ၍မြတ်၏။
ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့။
သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။
လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-
ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။
အသုံးမကျသူ၊ နာဗလ၏စကားကိုဂရု ပြုတော်မမူပါနှင့်။ သူသည်မိမိနာမည်နှင့် လိုက်အောင် မိုက်မဲသူဖြစ်ပါ၏။ အရှင်၊ အရှင့်အစေခံများလာရောက်ချိန်က အိမ်တွင်ကျွန်မမရှိပါ။-