ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
သုတ္တံကျမ်း။ 18:5 - Common Language Bible တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။ Garrad Bible တ ရား ဆုံး ဖြတ် ရာ တွင် လူ ဆိုး အား၊ မျက် နှာ ပေး ရန်လည်း ကောင်း၊ လူ ကောင်း အား၊ ရှုံး စေ ရန်လည်း ကောင်း၊ မ သင့် မ လျော်။ Judson Bible တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှာ၊ မတရားသောသူ၏မျက်နှာကို မထောက်ကောင်း။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူကိုမျက်နှာလိုက်ခြင်း၊ ဖြောင့်မတ်သောသူကို မတရားသဖြင့်စီရင်ခြင်းသည် မကောင်းပေ။ |
ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
``သင်တို့သည်မတရားသဖြင့်စီရင်ဆုံးဖြတ် မှုကို မပြုကြတော့နှင့်။ သူယုတ်မာတို့၏မျက်နှာကိုထောက်၍ တရားစီရင်မှုကိုမကျင့်သုံးကြတော့နှင့်။
လူများစုနောက်သို့လိုက်၍မတရားသဖြင့် မပြုနှင့်။ လူများစုနောက်သို့လိုက်၍တရား မျှတမှုကိုဖောက်ပြန်စေရန်မတရားသော သက်သေကိုလည်းမခံနှင့်။-
အမှုစစ်ဆေးရာ၌ဆင်းရဲသည့်အကြောင်းကို ထောက်၍ ဆင်းရဲသားဘက်မှမတရားသက်သေ မခံနှင့်။
``ဆင်းရဲသောသူသည်ရုံး၌တရားဆိုင်ရ သောအခါ သူ့အားတရားသဖြင့်စီရင်လော့။-
မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။
ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း။
ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း။
လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။
သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
သို့ရာတွင်သင်တို့သည်တံစိုးလက်ဆောင်ရ ခဲ့သော် အပြစ်ရှိသူတို့ကိုအပြစ်မပေးဘဲ လွှတ်ပစ်ကာ၊ အပြစ်မဲ့သူတို့ကိုမူတရား မျှတစွာစီရင်ဆုံးဖြတ်၍မပေးကြ။-
တရားမျှတမှုသည်အဝေးသို့အနှင်ခံရ လျက် အမှန်တရားသည်လည်းအနီးသို့မချဉ်း ကပ်နိုင်ပါ။ တရားစီရင်ရာဌာနများ၌အမှန် တရားမရှိ၊ သစ္စာတရားသည်ရပ်တည်၍မ နေနိုင်။-
``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
ဣသရေလအမျိုးကိုအုပ်ချုပ်သူအကြီး အကဲတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတစွာစီရင်ခြင်းကိုမုန်း၍ အမှန်ကိုအမှားဖြစ်စေကြ၏။-
သူတို့သည်မကောင်းမှုကိုပြုလုပ်ရန်စိတ် အားထက်သန်ကြ၏။ အရာရှိများနှင့် တရားသူကြီးများသည် တံစိုးလက်ဆောင် တောင်းတတ်ကြ၏။ သြဇာရှိသောသူ၏ အလိုဆန္ဒကိုလိုက်၍ သူတို့သည်မကောင်း မှုကိုအတူတကွကြံစည်ကြ၏။-
သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။-