သူတို့က``အီဂျစ်ပြည်ကိုအစိုးရသူသည် ကျွန် တော်တို့အားခက်ထန်စွာပြောဆိုဆက်ဆံပါ သည်။ ကျွန်တော်တို့သည်သူ၏တိုင်းပြည်ကို ထောက်လှမ်းသောသူလျှိုများဖြစ်သည်ဟု စွပ်စွဲပါသည်။-
သုတ္တံကျမ်း။ 18:23 - Common Language Bible ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရ တတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။ Garrad Bible သူ ဆင်း ရဲ သည်၊ အ သ နား ခံ၍ တောင်း ပန် သော် လည်း၊ သူ ကြွယ် သည်၊ ကြမ်း တမ်း စွာ ပြန် ပြော တတ်၏။ Judson Bible ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရတတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲသောသူသည် အသနားခံပြောဆိုတတ်၏။ ချမ်းသာသောသူမူကား ကြမ်းတမ်းစွာတုံ့ပြန်ပြောဆိုတတ်၏။ |
သူတို့က``အီဂျစ်ပြည်ကိုအစိုးရသူသည် ကျွန် တော်တို့အားခက်ထန်စွာပြောဆိုဆက်ဆံပါ သည်။ ကျွန်တော်တို့သည်သူ၏တိုင်းပြည်ကို ထောက်လှမ်းသောသူလျှိုများဖြစ်သည်ဟု စွပ်စွဲပါသည်။-
ယောသပ်သည်သူ၏အစ်ကိုတို့ကိုမြင်၍မှတ် မိသော်လည်း အစ်ကိုတို့ကိုမသိဟန်ဆောင် လျက်``သင်တို့အဘယ်အရပ်မှလာကြသနည်း'' ဟုခက်ထန်စွာမေးလေ၏။ သူတို့က``ကျွန်တော်တို့သည်ရိက္ခာဝယ်ရန် ခါနာန်ပြည်မှလာပါသည်'' ဟုဖြေကြ၏။
ထိုအခါရောဗောင်သည်အသက်ကြီးသူအတိုင် ပင်ခံအမတ်များပေးသည့်အကြံကိုလျစ်လူ ရှုပြီးလျှင်၊-
ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။
ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
ငါသည်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်း တော်မူခဲ့၍ ဤအရာများပေါ်ပေါက်လာ ရသည်မဟုတ်လော။ စိတ်နှလုံးနှိမ့်ချ၍ နောင်တရသူများနှင့်ငါ့ကိုကြောက်ရွံ့ ရိုသေကာ ငါ၏စကားကိုနားထောင်သူ များကိုငါနှစ်သက်၏။
``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
သင်တို့သည်ဝတ်ကောင်းစားလှဝတ်ဆင်ထား သူအားအရေးပေးလျက်``ဤနေရာတွင်ထိုင် ပါ'' ဟူ၍လည်းကောင်း၊ ဆင်းရဲသူအား``ထို နေရာတွင်ရပ်နေလော့'' ဟူ၍လည်းကောင်း ဆိုပါမူ၊-
သို့ရာတွင်သင်တို့ကဆင်းရဲသူတို့အား ရှုတ်ချကြသည်တကား။ ကြွယ်ဝသူတို့သည် သင်တို့အားနှိပ်စက်၍တရားသူကြီးများ ရှေ့သို့ဆွဲငင်ခေါ်ဆောင်သွားကြသည် မဟုတ်လော။-
သူသည်ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ ကောက်သင်းကောက်ခွင့်ကိုကျွန်တော် ၏ထံတွင်တောင်းခံကာ နံနက်စောစောမှစ ၍ကောက်သင်းကောက်လျက်နေခဲ့ပါ၏။ ယခု မှသာလျှင်လယ်တဲတွင်ခေတ္တနားနေပါသည်'' ဟုပြန်လည်ဖြေကြား၏။
အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။
နာဗလကလည်း``ဒါဝိဒ်ဆိုသူမှာအဘယ် သူနည်း။ သူ၏အကြောင်းကိုငါတစ်ခါမျှ မကြားဘူးပါတကား။ ယခုခေတ်အခါ ၌တိုင်းပြည်သည်ကျွန်ပြေးများနှင့်ပြည့် နှက်လျက်ရှိနေလေပြီ။-
ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။