ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်တစ်ယောက်တည်းနေထိုင်ရန်မသင့်။ သူ့ အားကူညီရန် သင့်တော်သောအဖော်ကိုငါ ဖန်ဆင်းပေးမည်'' ဟုမိန့်တော်မူ၏။-
သုတ္တံကျမ်း။ 18:22 - Common Language Bible မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။ Garrad Bible မ ယား ကို ရ သော သူ သည်၊ ကောင်း သော အ ရာ ကို ရ၍၊ ထာ ဝ ရ ဘု ရား ထံ မှ ကျေး ဇူး တော် ကို ခံ ရ ၏။ Judson Bible မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။ မြန်မာ့စံမီသမ္မာကျမ်း မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။ |
ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်တစ်ယောက်တည်းနေထိုင်ရန်မသင့်။ သူ့ အားကူညီရန် သင့်တော်သောအဖော်ကိုငါ ဖန်ဆင်းပေးမည်'' ဟုမိန့်တော်မူ၏။-
ထိုနောက်ဣဇာက်သည်မိမိ၏အမိစာရာနေ ထိုင်ခဲ့သောတဲထဲသို့ရေဗက္ကကိုခေါ်ဆောင် သွား၍အကြင်လင်မယားဖြစ်လာကြ၏။ ဣဇာက်သည်ရေဗက္ကကိုချစ်မြတ်နိုး၏။ ထို့ ကြောင့်သူ၏မိခင်ကွယ်လွန်၍ဝမ်းနည်း ကြေကွဲရာမှစိတ်သက်သာရာရလေသည်။
ယာကုပ်သည် သဘောတူလက်ခံလေ၏။ မင်္ဂလာပွဲ ရက်သတ္တပတ်ကုန်ဆုံးသောအခါ လာဗန်သည် သမီးရာခေလကို ယာကုပ်နှင့်ပေးစား၏။-
သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။
အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။
နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
ငါတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အာရံပြည်သို့ထွက်ပြေး၍ မယားရရန် လူတစ်ဦးထံ၌သိုးကျောင်းရ၏။-
သို့သော်ကာမဂုဏ်လိုက်စားမှုများလွန်စွာ များပြားလျက်နေသဖြင့် အမျိုးသားတိုင်း မှာဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။-
ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။