ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
သုတ္တံကျမ်း။ 18:19 - Common Language Bible အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။ Garrad Bible ကျူး လွန် ၍ စိတ် နာ သော ညီ အစ် ကို ရ ရန် သည်၊ ခိုင် ခံ့ သော မြို့ ကို ရ ရန် ထက် ခက်၏။ ထို သူ နှင့် ရန် တွေ့ ရ ခြင်း လည်း၊ ရဲ တိုက် ကန့် လန့် ကျင် ကဲ့ သို့ ဖြစ်၏။ Judson Bible အငြိုးထားသော ညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း စော်ကားပြစ်မှားခြင်းခံရသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် ပို၍မာကျော၏။ ငြင်းခုံရန်တွေ့ခြင်းသည်လည်း ခံတပ်၏ကန့်လန့်ကျင်ကဲ့သို့ဖြစ်၏။ |
ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။-
မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
အဘိယနှင့်သူ၏တပ်မတော်သည်ဣသရေလ အမျိုးသားတို့ကိုချေမှုန်းလိုက်ကြသဖြင့် ဣသရေလလက်ရွေးစင်တပ်သားငါးသိန်း ကျဆုံးလေ၏။-
စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။
မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
သူတို့သည်အပြင်းအထန်အငြင်းပွားပြီး နောက်လမ်းခွဲခွာသွားကြ၏။ ဗာနဗသည် မာကုကိုခေါ်၍ကုပရုကျွန်းသို့သင်္ဘော လွှင့်လေ၏။-
ထိုသူတို့နှင့်ဒါဝိဒ်ပြောသောစကားကို အစ်ကိုကြီးဧလျာဘကြားလျှင် အမျက် ထွက်၍``သင်သည်အဘယ်ကြောင့်ဤအရပ် သို့လာသနည်း။ တောကန္တာရတွင်သိုးများ ကိုအဘယ်သူထိန်းကျောင်းလျက်နေပါ သနည်း။ သင်၏စိတ်နေမြင့်မှု၊ ဆိုးညစ်ယုတ် မာမှုကိုငါသိ၏။ သင်သည်စစ်ပွဲကြည့် ရန်လာရောက်ခြင်းသာဖြစ်၏'' ဟုဆို၏။