စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊ သူယုတ်မာတို့အားရန်လိုသောစိတ်သဘော ကိုလည်းကောင်းပြတော်မူပါ၏။
သုတ္တံကျမ်း။ 17:20 - Common Language Bible သဘောကောက်သောသူသည် ကောင်းသော အကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေး ဥပဒ်နှင့် တွေ့ကြုံတတ်၏။ Garrad Bible စဉ်း လဲ သော စိတ် နှ လုံး ရှိ သူ သည်၊ အ ကောင်း ကို မ တွေ့ တတ်။ ကောက် ကျစ် သော လျှာ ရှိ သူ လည်း၊ အ ဆိုး ထဲ သို့ ကျ ရောက် တတ် ၏။ Judson Bible သဘောကောက်သောသူသည် ကောင်းသောအကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေးဥပဒ်နှင့် တွေ့ကြုံတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း စိတ်နှလုံးကောက်ကျစ်သောသူသည် ကောင်းသောအရာကိုတွေ့ရမည်မဟုတ်။ လိမ်လည်ပြောဆိုသောသူသည်လည်း ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။ |
စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊ သူယုတ်မာတို့အားရန်လိုသောစိတ်သဘော ကိုလည်းကောင်းပြတော်မူပါ၏။
ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။
အကြောင်းမူကား၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ၏။ ဖြောင့် မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။