မင်းကြီးသည်ဟာမန်အားဦးညွတ်ရှိခိုး ၍အရိုအသေပေးကြရန် အမှုတော်ထမ်း အရာရှိအပေါင်းတို့အားအမိန့်ထုတ်ပြန် တော်မူသည့်အတိုင်းလိုက်နာကြလေသည်။-
သုတ္တံကျမ်း။ 14:20 - Common Language Bible ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။ Garrad Bible သူ ဆင်း ရဲ သည်၊ အ ပေါင်း အ ဖော်၏ မုန်း ထား ခြင်း ကို ခံ ရ၏။ သူ ကြွယ်၌ မူ ကား၊ ချစ် ခင် သူ များ စွာ ရှိ လိမ့် မည်။ Judson Bible ဆင်းရဲသောသူသည် မိမိအိမ်နီးချင်းမုန်းခြင်းကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာသော အဆွေခင်ပွန်းရှိလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း၏မုန်းတီးခြင်းကိုပင်ခံရ၏။ ချမ်းသာသောသူမူကား ချစ်ခင်သူများ၏။ |
မင်းကြီးသည်ဟာမန်အားဦးညွတ်ရှိခိုး ၍အရိုအသေပေးကြရန် အမှုတော်ထမ်း အရာရှိအပေါင်းတို့အားအမိန့်ထုတ်ပြန် တော်မူသည့်အတိုင်းလိုက်နာကြလေသည်။-
ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။
ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
စည်းစိမ်ရှိလျှင် အဆွေခင်ပွန်းများတတ်၏။ ဆင်းရဲသားသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်း ဘော်ရ။