ဒါဝိဒ်က``ရှောလုနှင့်ယောနသန်ကွယ်လွန် ကြောင်းကိုသင်အဘယ်သို့သိသနည်း'' ဟု မေးလျှင်၊
သုတ္တံကျမ်း။ 14:15 - Common Language Bible ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။ Garrad Bible မ လိ မ္မာ သော သူ သည်၊ ကြား သ မျှ စ ကား ကို ယုံ လွယ် တတ်၏။ သ တိ ပ ညာ ရှိ သော သူ မူ ကား၊ ကိုယ့် အ လေ့ အ လာ ကို ဆင် ခြင် ပိုင်း ခြား တတ် ၏။ Judson Bible ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အသိဉာဏ်နည်းပါးသောသူသည် အရာအားလုံးကိုယုံတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား မိမိ၏ခြေလှမ်းကို ဆင်ခြင်သုံးသပ်တတ်၏။ |
ဒါဝိဒ်က``ရှောလုနှင့်ယောနသန်ကွယ်လွန် ကြောင်းကိုသင်အဘယ်သို့သိသနည်း'' ဟု မေးလျှင်၊
ဗာသရှေဘကလည်း``ကောင်းပြီ။ သင်၏ အတွက်မင်းကြီးအားငါလျှောက်ထား မည်'' ဟုဆို၏။
သူတို့သည်လေးကြိမ်တိုင်တိုင်မှာကြားသ ဖြင့် ငါသည်ထိုသို့ပင်လေးကြိမ်တိုင်တိုင် ပြန်ကြားလိုက်၏။
ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။
မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။
သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက်နေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။
သူသည်ဘုရင်ခံသေရဂိပေါလု၏မိတ်ဆွေ ဖြစ်၏။ ထိုဘုရင်ခံကားသတိပညာရှိသူ တစ်ယောက်ဖြစ်ပေသည်။ သူသည်ဘုရားသခင် ၏နှုတ်ကပတ်တရားတော်ကိုကြားနာလို၍ ဗာနဗနှင့်ရှောလုကိုပင့်ဖိတ်လေ၏။-
ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။-
ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။
ချစ်ဆွေတို့၊ ဝိညာဉ်တော်ခံယူရရှိသည်ဟု ဆိုသူတိုင်းကိုမယုံကြနှင့်။ သူတို့ခံယူရရှိ သည်ဆိုသောဝိညာဉ်တော်သည် ဘုရားသခင် ၏ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ဟုတ်မဟုတ်စစ်ဆေးကြည့်ရှုကြလော့။ အဘယ် ကြောင့်ဆိုသော်မိစ္ဆာပရောဖက်များသည် နေရာ တကာသို့ရောက်ရှိနေကြသောကြောင့်ဖြစ်၏။-