ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
သုတ္တံကျမ်း။ 13:23 - Common Language Bible ဆင်းရဲသား၊ လယ်လုပ်ခြင်းအားဖြင့် စားစရာ ပွါးများ၏။ သို့ရာတွင်၊ မတရားသော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်တတ်၏။ Garrad Bible သူ ဆင်း ရဲ တို့ လုပ် သော လယ် တွင်၊ စား နပ် ရိ က္ခာ များ စွာ ရှိ သော် လည်း၊ မ တ ရား မှု ဖြစ် လျှင်၊ ပျက် စီး ခြင်း ကို ခံ ရ ၏။ Judson Bible ဆင်းရဲသား လယ်လုပ်ခြင်းအားဖြင့် စားစရာပွားများ၏။ သို့ရာတွင်၊ မတရားသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲသောသူတီသောလယ်မြေသည် များစွာသောအစားအစာကို ဖြစ်ထွန်းစေတတ်၏။ သို့သော် မတရားမှုကြောင့် ဖျက်ဆီးခြင်းခံရတတ်၏။ |
ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။
သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
မြေကြီးကဖြစ်သော စီးပွါးသည်အလုံးစုံတို့အဘို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ ကျေးဇူးကိုခံရ၏။
ထိုနွားမကိုရေမခန်းသည့်ချောင်းအနီး ရှိမြေရိုင်းတစ်ကွက်သို့ခေါ်ဆောင်၍ ထို နေရာတွင်နွားမ၏လည်ကိုချိုး၍သတ် ရမည်။-