သူတို့သည်ခြင်္သေ့များကဲ့သို့ကျွန်တော်မျိုးအား အပိုင်းပိုင်းဆုတ်ဖြဲလိုကြ၍ကျွန်တော်မျိုးကို ချောင်းမြောင်းနေကြပါ၏။
သုတ္တံကျမ်း။ 1:11 - Common Language Bible သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။ Garrad Bible ထို သူ တို့ က၊ အ သွေး သွန်း ရန် ငါ တို့ နှင့် အ တူ လိုက်၍ ချောင်း မြောင်း လျက်၊ အ ပြစ် ကင်း သူ ကို အ ကြောင်း မဲ့ ချောင်း ကြည့် ကြ ကုန် အံ့။ Judson Bible သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက်ကိုသတ်အံ့သောငှာ စောင့်ကြစို့။ အချည်းနှီး အပြစ်လွတ်သောသူတို့ကို ချောင်းမြောင်းကြစို့။ မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ သူတို့က “ငါတို့နှင့်အတူလိုက်ခဲ့လော့။ တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ရန် ငါတို့ချောင်းမြောင်းကြစို့။ အကြောင်းမရှိဘဲ အပြစ်ကင်းသောသူကို ပုန်းအောင်းတိုက်ခိုက်ကြစို့။ |
သူတို့သည်ခြင်္သေ့များကဲ့သို့ကျွန်တော်မျိုးအား အပိုင်းပိုင်းဆုတ်ဖြဲလိုကြ၍ကျွန်တော်မျိုးကို ချောင်းမြောင်းနေကြပါ၏။
သူတို့သည်အကြောင်းမဲ့ကျွန်တော်မျိုးအတွက် ကျော့ကွင်းကိုထောင်၍ကျွန်တော်မျိုးကိုဖမ်းရန် တွင်းကိုနက်စွာတူးကြပါ၏။
သူတို့သည်ပုန်းကွယ်ရာအရပ်များတွင် စုရုံးကာ ငါ့ကိုသတ်ဖြတ်နိုင်ရန်ငါပြုသမျှသော အမှုတို့ကိုချောင်းမြောင်း၍ကြည့်ကြ၏။
အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။
မတရားသော သူ၏စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သော သူ၏နှုတ်မူကား၊ သူတပါးတို့ကို ကယ်နှုတ်တတ်၏။
အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။
ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။
``ငါ၏လူမျိုးတော်အထဲ၌ ဆိုးညစ်သူများရှိ၏။ သူတို့သည်ထောင်ချောက်ဖြင့်ငှက်ဖမ်းသူများကဲ့သို့လူကိုဖမ်းရန်ချောင်းမြောင်းကြ၏။-
တိုင်းပြည်ထဲတွင်ရိုးသားဖြောင့်မတ်သောသူ၊ ဘုရားသခင်အားသစ္စာစောင့်သိရိုသေသော သူဟူ၍ တစ်ယောက်မျှမရှိတော့ချေ။ လူ့ အသက်ကိုသတ်ရန်အခွင့်ကောင်းကိုလူတိုင်း စောင့်လျက်နေကြ၏။ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ကျော့ကွင်းထောင်၍ ဖမ်းတတ်ကြ၏။-
ဤသို့မုန်းကြရခြင်းမှာပညတ်ကျမ်း၌ `သူ တို့သည်ငါ့ကိုအကြောင်းမဲ့မုန်းကြ၏' ဟူ၍ ရေးသားဖော်ပြထားသည့်အတိုင်းဖြစ်ပျက် ခြင်းပင်တည်း။''
သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။-