ယေရမိ 11:19 - Common Language Bible19 ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ထို သူ တို့ က၊ အ မည် ကို မျှ နောင် သ တိ မ ရ ကြ စေ ခြင်း ငှာ၊ အ ပင် နှင့် အ သီး ပါ ဖျက် ဆီး လျက်၊ ရုပ် သက် ရှင် သော လူ့ ဘောင် မှ ပယ် ရှား ကြ ကုန် အံ့ ဟု ကြံ စည် သော အ ချက် များ ကို မ သိ ဘဲ၊ သတ် ရန် ဆွဲ ငင် သော သိုး ယဉ် ကဲ့ သို့ ငါ နေ နှင့် ၏။ အခန်းကိုကြည့်ပါ။Judson Bible19 အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှာ၊ အသီးအကင်းနှင့်တကွ အပင်ကိုရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏နေရာမှ သူ့ကို ပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တစ်ဖက်၌ မကောင်းသောအကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
``ဧလံသည်မိမိစစ်သူရဲတို့၏သင်္ချိုင်းများ ခြံရံလျက် ထိုအရပ်တွင်ရှိ၏။ သူတို့အား လုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများဖြစ်၍ အရေဖျားလှီးမင်္ဂလာမခံဘဲမရဏာ နိုင်ငံသို့ဆင်းသက်သွားသူများဖြစ်ကြ၏။ အသက်ရှင်စဉ်အခါကသူတို့သည်သူ တစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင် ပြုခဲ့ကြသော်လည်းယခုအခါ၌မူ မရဏာနိုင်ငံသို့ဆင်းသက်သူများ နှင့်အတူအသရေပျက်၍သေရကြ လေပြီ။-
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-