ထိုအခါမောရှေက``သင်တို့သည်ထာဝရ ဘုရား၏ဘုန်းအသရေတော်ကိုဖူးမြင်ရ စေခြင်းငှာ ကိုယ်တော်သည်သင်တို့အားဤ အမှုခပ်သိမ်းကိုဆောင်ရွက်ရန်မိန့်တော်မူ ပြီ'' ဟုဆိုလေသည်။-
မော ရှေ က၊ သင် တို့ အား ဘုန်း တော် ထင် ရှား စေ ရန် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ လိုက် သော အ မှု ကား ဤ သို့ တည်း ဟု ဆို လေ ၏။
မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ဘုန်းတော်သည် သင်တို့အားထင်ရှားမည်ဟူ၍လည်းကောင်း၊
ထိုအခါ မောရှေက “ဤသည်ကား သင်တို့ထံ ထာဝရဘုရား၏ဘုန်းအသရေထင်ရှားတော်မူမည့်အကြောင်း ထာဝရဘုရားမိန့်မှာတော်မူသော သင်တို့ဆောင်ရွက်ရမည့်အရာဖြစ်၏”ဟု ဆို၏။
အာရုန်သည်ဣသရေလအမျိုးသားအပေါင်း တို့အား မောရှေမှာကြားသည့်အတိုင်းဆင့်ဆို နေစဉ် သူတို့သည်တောကန္တာရဘက်သို့မျှော် ကြည့်လိုက်သောအခါ မိုးတိမ်၌ထာဝရ ဘုရား၏တောက်ပသောဘုန်းအသရေ တော်ရုတ်တရက်ပေါ်လာသည်ကိုဖူးမြင် ရကြလေ၏။-
ထာဝရဘုရား၏တောက်ပသောဘုန်းအသရေ တော်သည်တောင်ပေါ်သို့သက်ဆင်းလေ၏။ ဣသ ရေလအမျိုးသားတို့သည်ထိုတောက်ပသော ဘုန်းအသရေကို တောင်ထိပ်တွင်တောက်နေသော မီးသဖွယ်မြင်ရကြ၏။ မိုးတိမ်သည်တောင်ကို ခြောက်ရက်ပတ်လုံးဖုံးအုပ်ပြီးနောက် သတ္တမနေ့ တွင်ထာဝရဘုရားသည်မိုးတိမ်ထဲမှမောရှေ ကိုခေါ်တော်မူသည်။-
ထိုနေရာတွင်ငါသည်ဣသရေလအမျိုး သားတို့နှင့်တွေ့ဆုံ၍၊ ငါ၏တောက်ပသော ဘုန်းအသရေတော်ဖြင့် ထိုအရပ်ကိုသန့်ရှင်း ရာအရပ်ဖြစ်စေမည်။-
ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်ကြ၏။ ပြန်၍ ထွက်လာကြသောအခါ သူတို့သည်လူတို့ ကိုကောင်းချီးပေးလေသည်။ ထိုအခါလူ အပေါင်းတို့သည် ထာဝရဘုရား၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ရကြ၏။-
ထို့ကြောင့်သူတို့သည်မောရှေမှာကြားသော အရာရှိသမျှကို တဲတော်အရှေ့သို့ယူ ဆောင်ခဲ့ကြ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ထာဝရဘုရား အားဝတ်ပြုရန်စုဝေးရောက်ရှိလာကြ၏။-