ယုဒဘုရင်ခံကသူတို့အားသင်တို့သည် ဥရိမ်နှင့်သုမိမ် ကိုအသုံးပြုနိုင်သောယဇ်ပုရောဟိတ်မပေါ်ထွန်းမီ၊ သန့်ရှင်းသောအစာများကိုမသုံးဆောင်ရဟုပြောကြားလိုက်သည်။
ဝတ်ပြု 8:8 - Common Language Bible ရင်ဖုံးကိုတပ်ဆင်ပေးပြီးလျှင်ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ် ကိုထည့်ထား၏။- Garrad Bible ရင် လွှမ်း ထား ခြင်း၊ ရင် လွှမ်း ၌ ဥ ရိမ် နှင့် သု မိမ် တပ် ခြင်း၊ Judson Bible ရင်ဖုံးကိုလည်းဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့်သုမိမ်ကို သွင်းထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ရင်ခံပြားကိုဝတ်ဆင်ပေး၍ ရင်ခံပြားထဲ၌ ဥရိမ်နှင့်သုမိမ်ကိုထည့်ထားပေး၏။ |
ယုဒဘုရင်ခံကသူတို့အားသင်တို့သည် ဥရိမ်နှင့်သုမိမ် ကိုအသုံးပြုနိုင်သောယဇ်ပုရောဟိတ်မပေါ်ထွန်းမီ၊ သန့်ရှင်းသောအစာများကိုမသုံးဆောင်ရဟုပြောကြားလိုက်သည်။
ယုဒဘုရင်ခံကသူတို့အား``သင်တို့သည်ဥရိမ်နှင့်သုမိမ် ကိုအသုံးပြု၍ဆုံးဖြတ်နိုင်သူယဇ်ပုရောဟိတ်တစ်ပါးမပေါ်မချင်းဘုရားသခင်အားပူဇော်သည့်အစားအစာများကိုမစားကြရ'' ဟုဆို၏။
``ယဇ်ပုရောဟိတ်များအဖြစ်ငါ၏အမှုတော် ကိုထမ်းဆောင်ရန်အာရုန်နှင့်သူ၏သားတို့အား ဤသို့ဆက်ကပ်ရမည်။ အပြစ်အနာကင်းသော နွားပေါက်တစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူခဲ့လော့။-
သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
ယဇ်ပုရောဟိတ်ဧလာဇာသည်ဥရိမ်နှင့် သုမိန်ကိုအသုံးပြု၍ ငါ၏အလိုတော်ကို သိနိုင်မည်။ သို့ဖြစ်၍ယောရှုသည်ဧလာဇာ ကိုအားကိုးမည်။ ဤနည်းအားဖြင့်ဧလာဇာ သည်ယောရှုနှင့်ဣသရေလအမျိုးသားအ ပေါင်းတို့ကို အရေးကိစ္စရှိသမျှတို့၌သွန် သင်လမ်းပြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊-
လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။
သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။-
ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-
မိမိအဘယ်သို့ပြုရမည်ကိုထာဝရဘုရား အားမေးလျှောက်လေသည်။ သို့သော်ထာဝရ ဘုရားသည်အိပ်မက်များအားဖြင့်သော်လည်း ကောင်း၊ ဥရိမ်နှင့်သုမိမ်အားဖြင့်သော်လည်း ကောင်း၊ ပရောဖက်များအားဖြင့်သော်လည်း ကောင်းလုံးဝဖြေကြားတော်မမူ။-