ငါသည်ကိုယ်တော်အားသစ္စာကတိပြုခဲ့ သည့်အတိုင်း ကိုယ်တော်၏လူစုတော်စုဝေးရာတွင် မိမိ၏သစ္စာဝတ်ကိုဖြေပါမည်။
ဝတ်ပြု 7:16 - Common Language Bible တစ်စုံတစ်ယောက်သည် မိမိ၏အဋ္ဌိဋ္ဌာန်ပြည့် သည်အတွက်ဖြစ်စေ၊ မိမိ၏စေတနာအ လျောက်ဖြစ်စေမိတ်သဟာယယဇ်ကိုပူဇော် ဆက်ကပ်သည့်အခါ ပူဇော်သောနေ့၌ယဇ် ကောင်၏အသားကိုအကုန်စားရန်မလို။ ကြွင်းကျန်သောအသားကိုနောက်တစ်နေ့ ၌စားနိုင်သည်။- Garrad Bible သ စ္စာ ဝတ် အ လျောက် သော် လည်း ကောင်း၊ စေ တ နာ အ လျောက် သော် လည်း ကောင်း ဖြစ် လျှင် ပူ ဇော် လှူ ဒါန်း သော နေ့ ချင်း စား ခွင့်၊ နောက် နေ့ လည်း အ ကျန် ကို စား ခွင့် ရ လျက်၊ Judson Bible သို့မဟုတ် သစ္စာပြု၍ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သောနေ့ချင်းတွင်၊ ယဇ်အသားကိုစား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။ မြန်မာ့စံမီသမ္မာကျမ်း ကတိသစ္စာပြုခြင်းအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်ခြင်းအတွက် ပူဇော်သောယဇ်ဖြစ်လျှင် ထိုယဇ်ကောင်ကို ပူဇော်သောနေ့၌ စားရမည်။ အကျန်ကို နောက်တစ်နေ့၌လည်း စားခွင့်ရှိ၏။ |
ငါသည်ကိုယ်တော်အားသစ္စာကတိပြုခဲ့ သည့်အတိုင်း ကိုယ်တော်၏လူစုတော်စုဝေးရာတွင် မိမိ၏သစ္စာဝတ်ကိုဖြေပါမည်။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာကတိပြုခဲ့သည့်အတိုင်း ကိုယ်တော်ရှင်၏လူစုတော်ဝင်တို့ စုဝေးရာ ယေရုရှလင်မြို့ရှိကိုယ်တော်ရှင်၏ဗိမာန် တော်၌ သစ္စာဝတ်ကိုဖြေပါမည်။ ထာဝရဘုရားကိုထောမနာပြုကြလော့။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အိမ်တော် သို့ မီးရှို့ရာပူဇော်သကာကိုယူဆောင်လာပါမည်။ ကိုယ်တော်ရှင်အားကျွန်တော်မျိုးပြုခဲ့သည့် ကတိသစ္စာဝတ်ကိုဖြေပါမည်။
မောရှေမှတစ်ဆင့်ထာဝရဘုရားစေခိုင်း သောအလုပ်အတွက်အမျိုးသားအမျိုး သမီးအပေါင်းတို့သည်စိတ်စေတနာထက် သန်စွာဖြင့်၊ မိမိတို့လှူဖွယ်ဝတ္ထုများကို ထာဝရဘုရားထံဆက်ကပ်ကြ၏။
``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
ပုကွသောတိရစ္ဆာန်သို့မဟုတ်ပုံပန်းမကျ သောတိရစ္ဆာန်ကို မိမိစေတနာအလျောက် ပူဇော်သောယဇ်အဖြစ်ဆက်သနိုင်သော် လည်း ကတိသစ္စာအလျောက်ပူဇော်သော ယဇ်အဖြစ်မဆက်သနိုင်။-
သင်တို့သည်ကျေးဇူးတော်ချီးမွမ်းရာယဇ် ကိုပူဇော်သောအခါ သင်တို့ထာဝရဘုရား ၏စိတ်တော်နှင့်တွေ့နိုင်ရန်ပြဋ္ဌာန်းချက်များ အတိုင်းပူဇော်ရမည်။-
ဤပွဲတော်များသည်ပုံမှန်ဥပုသ်နေ့များ အပြင်ကျင်းပရသောပွဲတော်များဖြစ်၏။ ဤပူဇော်သကာများသည် ထာဝရဘုရား အားပုံမှန်ပူဇော်ခြင်း၊ သစ္စာဝတ်ဖြေရာ ပူဇော်ခြင်း၊ စေတနာအလျောက်ပူဇော် ခြင်းများအပြင်ပူဇော်ရသောပူဇော် သကာများဖြစ်သည်။)
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။
``သင်တို့သည်ထာဝရဘုရားအားမီးရှို့ ရာယဇ်ဖြစ်စေ၊ သစ္စာဝတ်ဖြေရာယဇ်ဖြစ် စေ၊ စေတနာအလျောက်ပူဇော်သောသကာ ကိုဖြစ်စေကျင်းပမြဲဘာသာရေးပွဲတော် များ၌ ပူဇော်သောပူဇော်သကာကိုဖြစ် စေပူဇော်သည့်အခါ သိုး၊ နွား၊ ဆိတ်တို့ကို ပူဇော်နိုင်သည်။ ဤသကာတို့၏ရနံ့ကို ထာဝရဘုရားနှစ်သက်တော်မူ၏။-
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
ထာဝရဘုရားအားဆက်ကပ်သောပူဇော် သကာများကို သင်တို့နေထိုင်ရာမြို့များတွင် မစားသုံးရ။ ဆန်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ တို့၏ဆယ်ဖို့တစ်ဖို့၊ သိုးနွားများမှသားဦး ပေါက်များ၊ ထာဝရဘုရားအားကတိထား သောပူဇော်သကာများ၊ မိမိစေတနာ အလျောက်ပေးလှူသောအလှူများနှင့်အခြား အလှူများကိုသင်တို့၏မြို့ရွာများတွင် မသုံးဆောင်ရ။-
သင်တို့၏ပူဇော်သကာနှင့် ဆက်ကပ်ပါမည် ဟုကတိပြုထားသောလက်ဆောင်ပဏ္ဏာများ ကိုထာဝရဘုရားအားဝတ်ပြုရာတစ်ခု တည်းသောဌာနသို့ယူဆောင်သွားရကြမည်။-
သင်တို့သည်ထိုဌာနတွင် မီးရှို့ရာယဇ်နှင့် အခြားယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သကာများ၊ ထာဝရဘုရားအား ကတိထားသောပူဇော်သကာများ၊ မိမိ စေတနာအလျောက်ပေးလှူသောအလှူများ၊ သင်တို့၏သိုးနွားတို့မှသားဦးပေါက်စသည် တို့များကို ထာဝရဘုရားအားပူဇော် ဆက်သရမည်။-