ထာဝရဘုရားသည်ကယ်တင်ရန်စိတ်စော လျက်နေသည့် ဘုရားသခင်ဖြစ်၍၊ ကိုယ်တော်သည်မိမိ၏တရားတော်ကို ရိုသေလေးစားကြရန်အလိုရှိတော်မူ၏။
ဝတ်ပြု 5:9 - Common Language Bible ထို့နောက်ငှက်သွေးအချို့ကိုပလ္လင်ဘေးဘက် သို့ပက်ဖျန်း၍ ကျန်သောသွေးကိုပလ္လင်ခြေ ရင်းသို့ညှစ်ချရမည်။ ဤသည်ကားအပြစ် ဖြေရာယဇ်ဖြစ်သတည်း။- Garrad Bible အ သွေး အ ချို့ အ ဝက် ကို ပ လ္လင် တော် ဘေး၌ ဖျန်း ခြင်း၊ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ကျန် သော အ သွေး ကို ပ လ္လင် တော် ခြေ ရင်း သို့ ညှစ် ချ ခြင်း ပြု ရ မည်။ Judson Bible ထိုအပြစ်ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ၌ဖျန်း၍၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနားမှာ ညှစ်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို ယဇ်ပလ္လင်၏နံရံ၌ ဖျန်း၍ ကျန်သောသွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ ညှစ်ချရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။ |
ထာဝရဘုရားသည်ကယ်တင်ရန်စိတ်စော လျက်နေသည့် ဘုရားသခင်ဖြစ်၍၊ ကိုယ်တော်သည်မိမိ၏တရားတော်ကို ရိုသေလေးစားကြရန်အလိုရှိတော်မူ၏။
ယဇ်ပုရောဟိတ်သည်ငှက်ကိုပလ္လင်သို့ယူဆောင် ခဲ့၍ လည်ပင်းကိုလိမ်ချိုးပြီးလျှင် ငှက်ဦးခေါင်း ကိုပလ္လင်တွင်မီးရှို့ရမည်။ ငှက်သွေးကိုပလ္လင် ဘေးပေါ်သို့ညှစ်ချရမည်။-
သူသည်ထိုနေရာတွင်နွားကိုသတ်၍ အာရုန် ၏သားများဖြစ်ကြသောယဇ်ပုရောဟိတ်တို့ ကသွေးကို ထာဝရဘုရားအားဆက်သပြီး လျှင် တဲတော်တံခါးဝတွင်ရှိသောယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရ ကြမည်။-
တဲတော်အတွင်းရှိနံ့သာပေါင်းမီးရှို့ရာ ပလ္လင်၏ထောင့်များရှိအတက်တို့တွင် နွားသွေး အနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွား သွေးကိုတဲတော်တံခါးဝ၌ရှိသောမီးရှို့ ပူဇော်ရာပလ္လင်ခြေရင်းတွင်လောင်းရမည်။-
ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကို သွေးထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိ အတက်တို့တွင်သွေးသုတ်ရမည်။ ကျန်သော သွေးကိုယဇ်ပလ္လင်၏ခြေရင်း၌လောင်းချ ရမည်။-
ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကိုသွေး ထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိအတက် တို့တွင်သွေးသုတ်ရမည်။ ကျန်သောသွေးကို ယဇ်ပလ္လင်၏ခြေရင်း၌လောင်းရမည်။-
ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကိုသွေး ထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိအတက် တို့တွင်သွေးသုတ်ရမည်။ ကျန်သောသွေးကို ယဇ်ပလ္လင်၏ခြေရင်း၌လောင်းချရမည်။-
ထိုနောက်သူသည်တဲတော်အတွင်းရှိနံ့သာ ပေါင်းမီးရှို့ရာပလ္လင်၏ထောင့်များရှိအတက် တို့တွင် နွားသွေးအနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွားသွေးကို တဲတော်တံခါးဝ၌ ရှိသောမီးရှို့ပူဇော်ရာပလ္လင်ခြေရင်းတွင် လောင်းရမည်။-
ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင် များကိုသတ်သည့်နေရာတွင် အပြစ်ဒဏ်ပြေ ရာပူဇော်သကာအတွက်ယဇ်ကောင်ကိုသတ် ရမည်။ သွေးကိုယဇ်ပလ္လင်လေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။