နောက်ဆုံး၌သူတို့သည်ဆိတ်များကိုမင်းကြီး နှင့်လူပရိသတ်တို့ထံသို့ယူဆောင်ကာ ဆိတ် တို့အပေါ်သို့လက်များကိုတင်စေကြ၏။-
ဝတ်ပြု 4:33 - Common Language Bible သူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာ ယဇ်ကောင်များသတ်သည့်နေရာ၌ သိုး၏ဦး ခေါင်းပေါ်တွင်လက်ကိုတင်၍သိုးကိုသတ် ရမည်။- Garrad Bible ကြန် အင် စုံ သော အ မ ကို တင် သွင်း၍ ဦး ခေါင်း ပေါ် တွင် လက် တင် ပြီး လျှင် အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဖြင့် မီး ရှို့ ရာ သ က္ကာ ကို စီ ရင် မြဲ နေ ရာ၌ စီ ရင် စေ။ Judson Bible အပြစ်ဖြေရာယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှာ သတ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိလက်ကို အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်ရမည်။ ၎င်းကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ အပြစ်ဖြေရာယဇ်အဖြစ် သတ်ရမည်။ |
နောက်ဆုံး၌သူတို့သည်ဆိတ်များကိုမင်းကြီး နှင့်လူပရိသတ်တို့ထံသို့ယူဆောင်ကာ ဆိတ် တို့အပေါ်သို့လက်များကိုတင်စေကြ၏။-
သူသည်နွား၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်သဖြင့် နွားကိုသူ၏အပြစ်ဖြေရာယဇ် အဖြစ်ထာဝရဘုရားလက်ခံတော်မူမည်။-
သူသည်ထိုနေရာတွင်နွားကိုသတ်၍ အာရုန် ၏သားများဖြစ်ကြသောယဇ်ပုရောဟိတ်တို့ ကသွေးကို ထာဝရဘုရားအားဆက်သပြီး လျှင် တဲတော်တံခါးဝတွင်ရှိသောယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရ ကြမည်။-
သူသည်နွားကိုတဲတော်တံခါးဝထာဝ ဘုရားရှေ့တော်သို့ယူဆောင်ခဲ့ပြီးလျှင် နွား ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ ထာဝရ ဘုရားရှေ့တော်တွင် ထိုနေရာ၌နွားကိုသတ် ရမည်။-
အာရုန်၏အဆက်အနွယ်ယောကျာ်းတို့သည် ထာဝရဘုရားအား ပူဇော်သောဘောဇဉ် သကာမှဝေစုကိုထာဝစဉ်စားသုံးစေရ မည်။ အခြားသူတစ်စုံတစ်ယောက်က ထို ဘောဇဉ်သကာကိုထိကိုင်မိလျှင် ထိုဘောဇဉ် ၏သန့်ရှင်းမြင့်မြတ်မှုကြောင့်ဘေးသင့်လိမ့် မည်။
ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင် များကိုသတ်သည့်နေရာတွင် အပြစ်ဒဏ်ပြေ ရာပူဇော်သကာအတွက်ယဇ်ကောင်ကိုသတ် ရမည်။ သွေးကိုယဇ်ပလ္လင်လေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-