သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။-
ဝတ်ပြု 26:8 - Common Language Bible သင်တို့ဘက်မှလူငါးယောက်သည်ရန်သူတစ်ရာ ကိုလည်းကောင်း၊ သင်တို့ဘက်မှလူတစ်ရာသည် ရန်သူတစ်ထောင်ကိုလည်းကောင်း နှိမ်နင်းအောင် မြင်လိမ့်မည်။- Garrad Bible သင် တို့ အ နက် ငါး ယောက် သည် ရာ တပ် ကို လည်း ကောင်း၊ တစ် ရာ သည် သောင်း တပ် ကို လည်း ကောင်း၊ လိုက် လံ ကြ၍ ရှေ့ တွင် ပင် ဓား ဘေး ဖြင့် ရန် သူ တို့ ကျ ဆုံး ကြ လိမ့် မည်။ Judson Bible သင်တို့တွင် လူငါးယောက်သည် ရန်သူတစ်ရာကို လိုက်လိမ့်မည်။ လူတစ်ရာသည် ရန်သူတစ်သောင်းကိုပြေးစေ၍ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ထဲမှ ငါးယောက်သည် အယောက်တစ်ရာကိုလိုက်လိမ့်မည်။ အယောက်တစ်ရာသည် အယောက်တစ်သောင်းကိုလိုက်လိမ့်မည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။ |
သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။-
ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်တိုက် ခိုက်ခဲ့သဖြင့်ရဲဘော်သုံးကျိပ်တို့တွင် နာမည်ကြီး၍လာ၏။-
ပြည်နယ်များတွင်နေထိုင်သောယုဒအမျိုး သားတို့သည်လည်း မိမိတို့ကိုယ်ကိုအသက် ဘေးမှကာကွယ်ကြ၏။ သူတို့သည်မိမိတို့ အားမုန်းထားသူလူပေါင်းခုနစ်ထောင့်ငါး ရာကိုသတ်ဖြတ်ခြင်းအားဖြင့် ရန်သူများ ကိုသုတ်သင်ပယ်ရှင်းကြလေသည်။ သို့ရာ တွင်လုယက်မှုကိုမူမပြုကြ။-
ထိုကာလ၌ယေရုရှလင်မြို့တွင်နေထိုင် သူလူတို့အား ထာဝရဘုရားသည်ကွယ် ကာစောင့်ထိန်းတော်မူလိမ့်မည်။ သို့ဖြစ်၍ သူတို့အနက်အင်အားအချိနဲ့ဆုံးသော သူများပင်လျှင် ဒါဝိဒ်ကဲ့သို့ကြံ့ခိုင်၍ လာလိမ့်မည်။ ဒါဝိဒ်၏သားမြေးများသည် ထာဝရဘုရား၏ကောင်းကင်တမန်ကဲ့ သို့လည်းကောင်း၊ ဘုရားသခင်ကိုယ်တော် တိုင်ကဲ့သို့လည်းကောင်းသူတို့အားဦး စီးခေါင်းဆောင်ပြုလိမ့်မည်။-
ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
စစ်ချီတက်တိုက်ခိုက်ရန်ဣသရေလအနွယ် များမှ တစ်နွယ်လျှင်လူတစ်ထောင်ကျစေ လွှတ်လော့'' ဟုဆို၏။
``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။
လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။