အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားစော်ကားပြောဆို ကြသည့် တိုင်းနိုင်ငံတို့သည်ခုနစ်ဆမျှပို၍ အစော်ကားခံစေတော်မူပါ။
ဝတ်ပြု 26:28 - Common Language Bible ငါသည်အမျက်ထွက်၍သင်တို့တစ်ဘက်၌နေ လျက် အပြစ်ဒဏ်ကိုယခင်ကထက်ခုနစ်ဆ တိုး၍ခံစေမည်။- Garrad Bible ငါ လည်း ဒေါ သ နှင့် သင် တို့ ကို ဆန့် ကျင် ဘက် လေ့ လာ၍ ပြစ် မှု များ အ တွက် ခု နစ် ဆ ဆုံး မ သ ဖြင့်၊ Judson Bible ငါသည်လည်းအမျက်ထွက်၍ သင်တို့ကိုဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည်လည်း သင်တို့ကို အမျက်ဒေါသဖြင့် သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆအပြစ်ဒဏ်ပေးမည်။ |
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားစော်ကားပြောဆို ကြသည့် တိုင်းနိုင်ငံတို့သည်ခုနစ်ဆမျှပို၍ အစော်ကားခံစေတော်မူပါ။
စပျစ်ဥယျာဉ်အပေါ်၌ငါအမျက်မထွက် တော့ပြီ။ ငါခုတ်ထွင်ပစ်ရန်ဆူးပင်မျိုးစုံရှိ စေချင်ပါဘိ။ ယင်းတို့ကိုငါသည်လုံးဝ မီးရှို့ပစ်မည်။-
မိမိတို့အပြစ်အလျောက်ဒဏ်ခတ်တော်မူ လိမ့်မည်။ ကိုယ်တော်ရှင်၏ရန်သူများသည် အမျက်တော်ကိုခံရ၍ အကျိုးအပြစ်ကို ပေးဆပ်ရမည်။ ရပ်ဝေးတွင်နေထိုင်လျက်ရှိ ကြသူများပင်လျှင် ထိုအပြစ်ဒဏ်နှင့် ကင်းလွတ်ကြလိမ့်မည်မဟုတ်။-
ထာဝရဘုရားက``ငါသည်လူမျိုးတကာ တို့ကိုစပျစ်သီးများသဖွယ်နင်းနယ်ခဲ့ လေပြီ။ အဘယ်သူမျှငါ့အားကူညီရန် မလာမရောက်ကြ။ ငါသည်အမျက်ထွက် သဖြင့်သူတို့အားနင်းနယ်ရာတွင်ငါ၏ အဝတ်များသည်သူတို့၏သွေးများဖြင့် စွန်း၍သွားပေသည်။-
ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
ငါကိုယ်တော်တိုင်မိမိ၏လက်ရုံးတော်တန် ခိုးစွမ်းအင်ရှိသမျှနှင့် ဒေါသအမျက် ချောင်းချောင်းထွက်လျက်သင်တို့ကိုတိုက် ခိုက်တော်မူမည်။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
ထာဝရဘုရားသည်ပြင်းထန်သော အမျက်တော်အရှိန်ကိုအစွမ်းကုန် လွှတ်တော်မူလေပြီ။ ကိုယ်တော်သည်ဇိအုန်မြို့တွင်မီးမွှေး၍ထို မြို့ကို ပြာကျစေတော်မူပါ၏။
``သင်သည်ငါစိတ်မပြေမချင်းငါ၏ အမျက်ဒေါသဒဏ်ကိုအပြည့်အဝခံ ရလိမ့်မည်။ ငါထာဝရဘုရားသည်သင်၏ သစ္စာမဲ့မှုအတွက်အမျက်ထွက်လျက် ဤ သို့မိန့်တော်မူကြောင်းကို သင်သည်ဤအမှု အရာများဖြစ်ပျက်ချိန်၌သိရှိနားလည် လိမ့်မည်။-
``ငါသည်သင့်အားအမျက်ဒေါသပြင်း စွာထွက်၍ နာကျင်စွာအပြစ်ဒဏ်ခတ်သော အခါ ပတ်ဝန်းကျင်မှလူမျိုးတကာတို့ သည်ထိတ်လန့်ကြလျက် သင့်အားစက်ဆုပ် သည့်အမူအရာဖြင့်ကြည့်၍သတိပေး လျက်ပြက်ရယ်ပြုကြလိမ့်မည်။-
သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ငါသည်သင်တို့တစ်ဘက်၌နေ၍အပြစ်ဒဏ် ကို ယခင်ကထက်ခုနစ်ဆတိုး၍ခံစေမည်။-
``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ့စကား ကိုနားမထောင်ဘဲနေသေးလျှင်၊-
ငါသည်အမျက်ထွက်၍သူတို့ကိုပြည်နှင်ဒဏ် ပေးခဲ့၏။ နောက်ဆုံး၌သင်တို့၏အဆက်အနွယ် များသည်မာန်စွယ်ကျိုး၍ မိမိတို့၏အပြစ် နှင့်ပုန်ကန်မှုအတွက်အပြစ်ဒဏ်ကိုခံရ ပြီးသောအခါ၊-
ထာဝရအရှင်ဘုရားသခင်သည်မိမိအား အံတုဖက်ပြိုင်သူတို့ကိုသည်းခံတော်မမူ။ ကိုယ်တော်သည်အတိုက်အခံပြုသူများကို အပြစ်ဒဏ်ခတ်တော်မူ၏။ အမျက်တော်ထွက်၍သူတို့အား လက်စားချေတော်မူ၏။
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။