သူသည်နည်းတစ်နည်းနည်းဖြင့် ကျွန်ဘဝမှ မလွတ်မြောက်ခဲ့လျှင် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်၌ သူနှင့်သူ၏သားသမီး တို့လွတ်မြောက်ခွင့်ရရှိစေရမည်။-
ထို သို့ မ ရွေး နုတ် သော် လည်း သား သ မီး တို့ နှင့် တ ကွ မင်္ဂ လာ နှစ် တွင် လက် လွတ် ခွင့် ရှိ လိမ့် မည်။
ထိုသို့သောနည်းဖြင့် မရွေးမနုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှလွှတ်ရမည်။
ထိုသို့သောနည်းတို့ဖြင့် သူ့ကိုယ်သူ မရွေးနုတ်နိုင်လျှင်လည်း မင်္ဂလာရတုနှစ်ရောက်သောအခါ သူနှင့် သူ၏သားသမီးတို့သည် လွတ်မြောက်ခွင့်ရရှိမည်။
ထာဝရဘုရားက၊ ``ယခုဖြစ်ပျက်မည့်အမှုအရာသည် ဤနည်းအတိုင်းပင်ဖြစ်၏။ စစ်သည်သူရဲဖမ်းဆီးထားသည့်သုံ့ပန်းများကို ငါလွှတ်ပစ်မည်။ မင်းဆိုးမင်းညစ်၏လုရာပါပစ္စည်းများကို ငါသိမ်းဆည်းမည်။ ငါသည်သင့်ကိုတိုက်ခိုက်သူတို့အားတိုက်ခိုက်၍၊ သင်၏သားသမီးများကိုကယ်ဆယ်မည်။
အကျဉ်းကျလျက်နေသူတို့အား`လွတ်လပ်စွာ ထွက်ခွာသွားကြလော့' ဟူ၍လည်းကောင်း၊ မှောင်မိုက်တွင်ရှိနေသူတို့အား`အလင်းသို့ ဝင်ကြလော့' ဟူ၍လည်းကောင်းငါပြောမည်။ သူတို့သည်တောင်ကုန်းများပေါ်တွင်ပင် ကျက်စားလျက်နေသော သိုးများနှင့်တူလိမ့်မည်။
ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``သင် တို့သည်ငွေဖြင့်ရောင်းချမှုကိုမခံရသော်လည်း ကျွန်ဘဝသို့ရောက်ရှိသွားကြ၏။ ထို့ကြောင့်သင် တို့အားရွေးနုတ်ရာတွင်လည်းအဖိုးငွေပေးရ လိမ့်မည်မဟုတ်။ သင်တို့သည်အခမဲ့လွတ်လပ် ခွင့်ကိုရရှိကြလိမ့်မည်။-
ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
အရောင်းအဝယ်ပြုလုပ်ခဲ့သောပစ္စည်းရှိသမျှ ကို ဤနှစ်၌မူလပိုင်ရှင်လက်သို့ပြန်လည်ပေး အပ်ရမည်။-
ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရား၏ကျွန်များဖြစ်ခြင်းကြောင့်ရာသက်ပန် လူ၏ကျွန်မဖြစ်စေရ။ ထာဝရဘုရားသည် သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့၏။ ကိုယ်တော်သည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။