မစိုက်မပျိုးရဘဲနှင့်အလိုအလျောက် သီးသောအသီးအနှံများကိုပင်မရိတ် သိမ်းရ။ အကိုင်းအခက်ကိုမသုတ်သင် မရှင်းလင်းဘဲနှင့်သီးသောစပျစ်သီး များကိုလည်းမဆွတ်မခူးရ။ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှပ် ထားရမည်။-
အ လေ့ ပေါက် စ ပါး ကို ရိတ် သိမ်း ခြင်း၊ လှပ် ထား သော စ ပျစ် ခြံ အ သီး ကို ဆွတ် ခူး ခြင်း မ ပြု ဘဲ၊ မြေ ကို နား နေ ရာ ဥ ပုသ် စောင့် စေ ရ မည်။
လယ်၌ အလိုလိုပေါက်သောအသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ တစ်ပြည်လုံး ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်၏။
အလေ့ကျပေါက်သောအပင်မှသီးနှံကို မရိတ်သိမ်းရ။ မပြုစုထားသောစပျစ်ပင်မှစပျစ်သီးကိုလည်း မဆွတ်ခူးရ။ ထိုနှစ်သည် မြေအဖို့ ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်ရမည်။
ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင်သည်ယခုနှစ်နှင့်နောင်နှစ်ခါ၌ စပါး ရိုင်းကိုသာလျှင်စားရလိမ့်မည်။ သို့ရာတွင် တတိယနှစ်၌မူဂျုံစပါးကိုစိုက်ပျိုး ရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်း စိုက်၍ စပျစ်သီးများကိုစားရလိမ့်မည်။-
ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-
သင်တို့သည်လယ်များကိုမစိုက်မပျိုးရ။ အလိုအလျောက်သီးသောအသီးအနှံ များကိုလည်းမဆွတ်မခူးရ။-
သို့ရာတွင်သတ္တမနှစ်သည်ထာဝရဘုရား အားဆက်ကပ်ထားသောနှစ်ဖြစ်၍ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှန်ထား ရမည်။ လယ်များတွင်မစိုက်မပျိုးရ။ စပျစ် ကိုင်းများကိုသုတ်သင်ရှင်းလင်းခြင်းမ ပြုရ။-
ထိုနှစ်အတွင်းမစိုက်မပျိုးဘဲမြေမှ ထွက်သောအသီးအနှံရှိသမျှကို သင် တို့နှင့်တကွသင်တို့၏ကျေးကျွန်၊ လူငှား၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား၊-