မောရှေသည်အာရုန်နှင့်တကွသူ၏သားများ၊ ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုသောပညတ်များသည်ကားအထက် ပါအတိုင်းဖြစ်သတည်း။
ဝတ်ပြု 23:44 - Common Language Bible သို့ဖြစ်၍မောရှေသည်ဤနည်းအားဖြင့် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသည့်ပွဲတော်များနှင့်ဆိုင်သော ပညတ်များကိုဣသရေလအမျိုးသား တို့အားပြဋ္ဌာန်းပေးလေ၏။ Garrad Bible ထာ ဝ ရ ဘု ရား ချိန်း ချက် တော် မူ သော အ ခါ သ မ ယ များ ကို ဣ သ ရေ လ အ မျိုး သား တို့ အား မော ရှေ ပြန် ကြား လေ ၏။ Judson Bible မောရှေသည်လည်း၊ ထာဝရဘုရား၏ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည်လည်း ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။ |
မောရှေသည်အာရုန်နှင့်တကွသူ၏သားများ၊ ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုသောပညတ်များသည်ကားအထက် ပါအတိုင်းဖြစ်သတည်း။
(ဤဘာသာရေးပွဲတော်များတွင် ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းရန် သင်တို့သည်စုဝေးဝတ်ပြုကိုးကွယ်ခြင်း နှင့်မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော် သကာ၊ ယဇ်ပူဇော်ခြင်းစပျစ်ရည်ပူဇော် သကာများကိုသတ်မှတ်သောနေ့ရက်အလိုက် ပူဇော်ခြင်းကိုပြုလုပ်ရကြမည်။-
ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားအောက်ပါအတိုင်း မိန့်တော်မူသည်။ တဲတော်ထဲရှိမီးတိုင်ကို အစဉ်မပြတ်ထွန်းညှိထားနိုင်စေရန် အကောင်းဆုံးသံလွင်ဆီစစ်စစ်ကိုယူ ခဲ့ကြလော့။-
အဘယ်ကြောင့်ဆိုသော်လူနှစ်ယောက်သုံးယောက် တို့သည်ငါ့နာမကိုအမှီပြု၍စုဝေးလျှင် စု ဝေးရာတွင်သူတို့နှင့်အတူငါရှိမည်ဖြစ် သောကြောင့်တည်း။