အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
ဝတ်ပြု 23:30 - Common Language Bible ထိုနေ့၌အလုပ်လုပ်သောသူအား ထာဝရ ဘုရားကိုယ်တော်တိုင်သေဒဏ်စီရင်မည်။- Garrad Bible အ ကြင် သူ သည် ထို နေ့၌ အ မှု အ ရေး တစ် စုံ တစ် ခု ကို လုပ် ဆောင် အံ့။ ထို သူ့ ကို အ မျိုး ဘောင် မှ ငါ ပယ် ဖျက် လိမ့် မည်။ Judson Bible ထိုနေ့၌ အလုပ်တစ်စုံတစ်ခုကိုလုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့၌ အလုပ်တစ်စုံတစ်ရာလုပ်သောသူမည်သူမဆို သူ၏လူမျိုးအလယ်၌ သူ့ကို ငါဖျက်ဆီးပစ်မည်။ |
အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
``လေတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့သင်တို့ အား ဤပြည်ရှိအမြို့မြို့တို့၌ကွဲလွင့်သွားစေလေပြီ။ ငါ၏လူမျိုးတော်၊ သင်တို့သည်မိမိတို့၏ ဆိုးညစ်သည့် လမ်းစဉ်ကိုမစွန့်ကြသဖြင့်၊ သင်တို့အားဝမ်းနည်းကြေကွဲစေ၍ ငါသုတ်သင်ပယ်ရှင်းခဲ့လေပြီ။
``ပရောဖက်သည်ဖြားယောင်းခြင်းခံရ၍ ပရောဖက်ပြုသည်ဆိုအံ့။ ထိုသူအားငါ ထာဝရဘုရားဖြားယောင်းခြင်းပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်လျက် သူ့အားတိုက်ခိုက် ၍ဣသရေလအမျိုးသားတို့ထဲမှဖယ် ရှားမည်။-
မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ်ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်းအားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထိုသူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
ထိုနေ့၌အစားအစာတစ်စုံတစ်ခုကိုစား သောသူအား ဘုရားသခင်၏လူမျိုးတော်မှ ထုတ်ပယ်ရမည်။-
သင်တို့၏အဆက်အနွယ်များသည်မည်သည့် အရပ်တွင်နေထိုင်သည်မဆို ဤပညတ်ကို စောင့်ထိန်းရမည်။-
အို ဖိလိတ္တိလူတို့၊ ပင်လယ်ကမ်းခြေတွင်နေ ထိုင်သူခေရသိအမျိုးသားတို့၊ သင်တို့ သည်အမင်္ဂလာရှိကြ၏။ ထာဝရဘုရား သည်သင်တို့အားအပြစ်ဒဏ်စီရင်ချမှတ် တော်မူလေပြီ။ ကိုယ်တော်သည်သင်တို့ကို သုတ်သင်ဖျက်ဆီးတော်မူမည်ဖြစ်၍ သင် တို့တစ်ဦးတစ်ယောက်မျှကျန်ရှိရလိမ့် မည်မဟုတ်။-
သို့ဖြစ်၍ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသောသူကို ဘုရားသခင်ဖျက်ဆီး တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်၏ဗိမာန်တော်သည်သန့်ရှင်းမြင့်မြတ် တော်မူ၍ သင်တို့ကိုယ်တိုင်ပင်လျှင်ကိုယ်တော် ၏ဗိမာန်တော်ဖြစ်သောကြောင့်တည်း။