ဇေဖနိ 2:5 - Common Language Bible5 အို ဖိလိတ္တိလူတို့၊ ပင်လယ်ကမ်းခြေတွင်နေ ထိုင်သူခေရသိအမျိုးသားတို့၊ သင်တို့ သည်အမင်္ဂလာရှိကြ၏။ ထာဝရဘုရား သည်သင်တို့အားအပြစ်ဒဏ်စီရင်ချမှတ် တော်မူလေပြီ။ ကိုယ်တော်သည်သင်တို့ကို သုတ်သင်ဖျက်ဆီးတော်မူမည်ဖြစ်၍ သင် တို့တစ်ဦးတစ်ယောက်မျှကျန်ရှိရလိမ့် မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible5 သ မု ဒ္ဒ ရာ ကမ်း ခြေ ခ ရိုင် ရှိ၊ ခေ ရ သိ လူ မျိုး သည် အ မင်္ဂ လာ ရှိ ကြ၏။ ဖိ လိ တ္တိ လူ မျိုး နေ ထိုင် ရာ အို ခါ နာန် ပြည်၊ သင့် ကို ရည် ၍ ထာ ဝ ရ ဘု ရား ထုတ် သော အ မိန့် တော် ကား။ တိုင်း ရင်း သား မ ရှိ သည့် တိုင် အောင်၊ ငါ ဖျက် ဆီး မည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible5 အို ပင်လယ်ကမ်းနားမှာ နေသော ခေရသိအမျိုးသားတို့၊ သင်တို့ တစ်ဖက်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိ၏။ အို ဖိလိတ္တိလူနေရာ ခါနာန်ပြည်၊ သင်၌ အဘယ်သူမျှ မနေစေခြင်းငှာ ငါသုတ်သင်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ပင်လယ်ကမ်းရိုးတန်း၌နေထိုင်သောခေရသိလူမျိုးတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ အို ခါနာန်ပြည်ရှိဖိလိတ္တိလူမျိုးတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သင်တို့ကို ဆန့်ကျင်လျက် “စင်စစ် သင်တို့ကို တစ်ယောက်မကျန် ငါဖျက်ဆီးမည်”ဟု မိန့်ဆိုပြီ။ အခန်းကိုကြည့်ပါ။ |
နှင့်တောင်ပိုင်းရှိအာဝိအမျိုးသားတို့ပိုင်တစ် နယ်လုံးကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။ (အီဂျစ်ပြည်နယ်နိမိတ်တွင်ရှိသောရှိဟောရ ချောင်းမှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ ကျယ်ပြန့်သောနယ်မြေသည် ခါနာန်အမျိုး သားတို့နေထိုင်ရာနယ်မြေဖြစ်၏။ ဖိလိတ္တိ မင်းတို့သည်ဂါဇမြို့၊ အာဇုတ်မြို့၊ ဧရှ ကလုန်မြို့၊ ဂဒ်မြို့နှင့်ဧကြုန်မြို့များတွင် စိုးစံသည်။-)
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ထဲမှ ဆင်းရဲနွမ်းပါးသူတို့ကို သိုးထိန်းသဖွယ် စောင့်ရှောက်တော်မူ၍ဘေးမဲ့လုံခြုံစွာနေစေ တော်မူလိမ့်မည်။ သို့ရာတွင်သင်တို့မူကား ကြောက်မက်ဖွယ်ရာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူမည်ဖြစ်၍ သင်တို့ တစ်စုံတစ်ယောက်မျှအသက်မသေဘဲကျန် ရှိရလိမ့်မည်မဟုတ်။
အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-