ဣသရေလအမျိုးသားတို့သည်ငါထာဝရ ဘုရားအား ပူဇော်သကာဆက်သရာ၌မှား ယွင်းချွတ်ချော်မှုရှိသော်လည်း၊ ထိုပူဇော် သကာကိုငါလက်ခံနိုင်ရန်အာရုန်သည်ရွှေ ပြားကိုနဖူးပေါ်တွင်တပ်ဆင်ထားရမည်။
ဝတ်ပြု 23:11 - Common Language Bible သင်တို့သည်ထာဝရဘုရား၏စိတ်တော် နှင့်တွေ့နိုင်ရန် ယဇ်ပုရောဟိတ်သည်ထိုကောက် လှိုင်းစည်းကိုအထူးပူဇော်သကာအဖြစ် ဆက်သရမည်။ ယဇ်ပုရောဟိတ်သည်ထို ပူဇော်သကာကို ဥပုသ်နေ့လွန်သည့်နောက် တစ်နေ့တွင်ဆက်သရမည်။- Garrad Bible ဥ ပုသ် ထွက် နေ့၌ သင် တို့ အ ဖို့ လက် ခံ တော် မူ စေ ရန် ထို ကောက် လှိုင်း ကို ထာ ဝ ရ ဘု ရား ရှေ့ ပ ရော ဟိတ် ဦး တိုက် ရ မည်။ Judson Bible သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှာ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကို လက်ခံမည့်အကြောင်း ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ဥပုသ်နေ့လွန်ပြီးနောက်တစ်နေ့၌ ချီလွှဲရမည်။ |
ဣသရေလအမျိုးသားတို့သည်ငါထာဝရ ဘုရားအား ပူဇော်သကာဆက်သရာ၌မှား ယွင်းချွတ်ချော်မှုရှိသော်လည်း၊ ထိုပူဇော် သကာကိုငါလက်ခံနိုင်ရန်အာရုန်သည်ရွှေ ပြားကိုနဖူးပေါ်တွင်တပ်ဆင်ထားရမည်။
``ထိုပူဇော်သကာအားလုံးတို့ကိုအာရုန်နှင့် သူ၏သားများလက်ထဲသို့ထည့်၍ သူတို့က အထူးပူဇော်သကာအဖြစ်ငါ့အားဆက် သစေရမည်။-
သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။-
သူသည်မောရှေမှာထားသည့်အတိုင်းရင်ဒူး များနှင့် နောက်ပေါင်များကိုယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအားအထူးလှူဖွယ် အဖြစ်ဝှေ့ရမ်းလျက်ဆက်ကပ်လေသည်။
ဤကားနောမိသည် ချွေးမဖြစ်သူမောဘ အမျိုးသမီးရုသနှင့်အတူ မောဘပြည် မှပြန်လည်ရောက်ရှိလာပုံဖြစ်ပေသည်။ သူ တို့နှစ်ယောက်သည်မုယောစပါးရိတ်သိမ်း စအချိန်၌ ဗက်လင်မြို့သို့ရောက်ရှိလာ ကြသတည်း။