ယဇ်ပုရောဟိတ်များသည်သန့်ရှင်းသောပူ ဇော်သကာကိုမစားထိုက်သောသူအားစား စေခြင်းဖြင့် ပူဇော်သကာကိုမညစ်ညမ်းစေ ရ၊ ထိုပူဇော်သကာကိုမစားထိုက်သူသည်စား မိလျှင်အပြစ်ကူးလွန်၍ဒဏ်ခံရမည်။ ငါ သည်ထာဝရဘုရားဖြစ်၏။ ငါသည်ပူဇော် သကာများကိုသန့်ရှင်းစေတော်မူ၏'' ဟု မိန့်တော်မူ၏။
ပ ရော ဟိတ် တို့ သည် ထာ ဝ ရ ဘု ရား ထံ ဣ သ ရေ လ အ မျိုး သား တို့ မြှောက် ဆက် ကြ သော ဝ ထ္ထု များ ကို ညှိုး ပုပ် စေ အောင် သုံး ဆောင် ကြ သည့် အ တွက် လူ မျိုး အ ပေါ် တွင် ပြစ် ဒဏ် ခံ ထိုက် သော ဒု စ ရိုက် ဝန် မ တင် ကြ ရ။ ငါ သည် ထို ဝ တ္ထု များ ကို သီး သန့် ထား သော ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ ၏။
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူပူဇော်သည့် သန့်ရှင်းသောပူဇော်သက္ကာကို မညစ်ညူးစေရ။
အာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။
ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။-
ထိုအသားကိုစားသောသူသည် ငါ့အတွက် ဆက်ကပ်ထားသောပူဇော်သကာကိုမရို မသေပြုသောကြောင့် သူ့အားငါ၏လူမျိုး တော်မှထုတ်ပယ်မည်။
``ယဇ်ပုရောဟိတ်အားလုံးတို့သည် ငါ၏ ပညတ်များကိုလိုက်နာရကြမည်။ ယင်းသို့ မလိုက်နာလျှင်ပညတ်တော်များကိုချိုး ဖောက်သောကြောင့် သူတို့သည်အပြစ်ကူး လွန်သဖြင့်သေရကြမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သူတို့ကိုသန့်ရှင်း စေတော်မူ၏။
အလှူထဲမှအကောင်းဆုံးကိုထာဝရဘုရား အား ဆက်သပြီးမှစားသုံးလျှင်သင်တို့၌ အပြစ်မရှိ။ သို့ရာတွင်သင်တို့သည်ဣသရေလ အမျိုးသားတို့ပေးသော အလှူမှအကောင်းဆုံး ကိုထာဝရဘုရားအားမဆက်သမီစားသုံး ခြင်းအားဖြင့် အလှူကိုမညစ်ညူးမိစေရန် သတိပြုလော့။ ညစ်ညူးမိလျှင်သင်တို့သည် သေဒဏ်သင့်လိမ့်မည်'' ဟုမိန့်တော်မူ၏။