အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။
ဝတ်ပြု 21:23 - Common Language Bible သို့ရာတွင်သူ၏ကိုယ်အင်္ဂါချွတ်ယွင်းနေ သောကြောင့် ကန့်လန့်ကာတော်အနီးသို့လည်း ကောင်း၊ ယဇ်ပလ္လင်တော်အနီးသို့လည်းကောင်း မချဉ်းကပ်ရ။ ငါသည်ထာဝရဘုရား ဖြစ်၏။ ငါသည်ထိုကန့်လန့်ကာတော်နှင့်ယဇ် ပလ္လင်တော်တို့ကိုသန့်ရှင်းစေသောကြောင့် သူ သည်ယင်းတို့ကိုမညစ်ညမ်းစေရ'' ဟု မိန့်တော်မူ၏။ Garrad Bible ကြန် အင် ယွင်း သော ကြောင့် ငါ သန့် ရှင်း သော ဌာ န များ ညှိုး ပုပ် စေ ရန် ကန့် လန့် ကာ အ တွင်း ဝင် ခွင့် ပူ ဇော် ရာ ပ လ္လင် တော် သို့ ချဉ်း ကပ် ခွင့် မ ရ ချေ။ ငါ သည် ထို ဌာ န များ ကို သီး သန့် ထား သော ထာ ဝ ရ ဘု ရား ပေ တည်း ဟူ သော မိန့် တော် မူ ချက် ကို၊ Judson Bible ကိုယ်၌အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာအတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူသည် ကိုယ်အင်္ဂါချို့ယွင်းသောကြောင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာမရောက်မည့်အကြောင်း ကန့်လန့်ကာအတွင်းသို့ မဝင်ရ၊ ယဇ်ပလ္လင်သို့လည်း မချဉ်းကပ်ရ။ အကြောင်းမူကား ငါထာဝရဘုရားသည် ထိုအရာတို့ကို သန့်ရှင်းစေပြီ”ဟု မိန့်တော်မူ၏။ |
အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။
ထာဝရဘုရားသည်စခန်းအလယ်တွင် တည် ရှိသည့်စံတော်မူရာတဲတော်ကိုမညစ်ညမ်း စေခြင်းအလို့ငှာ မသန့်စင်သောအမှုများ နှင့်ဆိုင်၍ ဣသရေလအမျိုးသားတို့ကို မောရှေအားဖြင့်သတိပေးတော်မူ၏။ အကယ်၍သူတို့သည်တဲတော်ကို ညစ်ညမ်း စေလျှင်အသက်သေဆုံးရကြမည်။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။-
ထိုသို့သောယဇ်ပုရောဟိတ်သည် ငါ့အား ဆက်သသောသန့်ရှင်းသည့်ပူဇော်သကာ ကိုသော်လည်းကောင်း၊ အလွန်သန့်ရှင်းသည့် ပူဇော်သကာကိုသော်လည်းကောင်းစား သုံးနိုင်သည်။-
မောရှေသည်အာရုန်နှင့်တကွသူ၏သားများ၊ ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုသောပညတ်များသည်ကားအထက် ပါအတိုင်းဖြစ်သတည်း။
သူသည်သန့်ရှင်းရမည်။ ငါ၏နာမတော် ကိုမရှုတ်ချရ။ သူသည်ငါ့အားပူဇော် သကာကိုဆက်သရသူဖြစ်၍သန့်ရှင်း ရမည်။-
လူမိုက်တို့၊ သင်တို့၏မျက်စိသည်ကန်းလှသည် တကား။ အဘယ်အရာကပို၍အရေးကြီးပါ သနည်း။ ရွှေလော။ သို့မဟုတ်ရွှေကိုမြင့်မြတ် သန့်ရှင်းစေသည့်ဗိမာန်တော်လော။-