သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
ဝတ်ပြု 20:13 - Common Language Bible ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။- Garrad Bible မိန်း မ နှင့် အိပ် စက် သည့် နည်း တူ ယောက်ျား ချင်း အိပ် စက် လျှင် ရွံ ရှာ ဖွယ် မှု ကို ပြု သော ကြောင့် နှစ် ဦး လုံး မု ချ သေ ဒဏ် ခံ ကြ စေ။ ချင်း တို့ အ သွေး သည် ချင်း တို့ အ ပေါ်၌ တည် ၏။ Judson Bible မိန်းမနှင့်ပေါင်းဖော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဖော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဖွယ်သောအမှုကိုပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိန်းမနှင့် အိပ်သကဲ့သို့ ယောက်ျားချင်းနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံးသည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြသောကြောင့် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။ |
သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
ယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။-
ဆိုးညစ်သောသူတို့သည်ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်ကြရလိမ့်မည်မဟုတ် ကြောင်း သင်တို့မသိကြသလော။ လွဲမှား၍ မထင်ကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုကိုးကွယ်သူများ၊ သူ့သားအိမ်ရာ ကိုပြစ်မှားသူများ၊ ယောကျာ်းအချင်းချင်း မှားယွင်းသူများ၊-
``ဣသရေလလူမျိုးထဲမှယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေကိုးကွယ်ရာဌာနဆိုင်ရာ ပြည့်တန်ဆာအလုပ်ကိုမလုပ်ရ။-
ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။
ယင်းသို့သူတို့ပျော်မွေ့လျက်နေကြစဉ် ထို မြို့ကအဋ္ဌမ္မသားအချို့တို့သည်အိမ်ကို ဝိုင်းရံထားပြီးနောက်တံခါးကိုထုရိုက် ကြ၏။ အဖိုးအိုအားလည်း``သင်နှင့်အတူ လိုက်လာသူကိုခေါ်ထုတ်ပေးပါ။ ငါတို့ သူနှင့်ကာမရာဂဆက်ဆံလိုပါသည်'' ဟုဆိုကြ၏။