ဝတ်ပြု 20:14 - Common Language Bible14 တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင်ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သောအမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင်တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုးမရှိစေရ။- အခန်းကိုကြည့်ပါ။Garrad Bible14 လူ တစ် ဦး တစ် ယောက် သည် မ ယား နှင့် ယော က္ခ မ ပါ သိမ်း ယူ လျှင် အ ဗြ ဟ္မ မှု ဖြစ် သော ကြောင့် လူ မျိုး အ တွင်း၌ အ ဗြ ဟ္မ မှု ပ စေ ရန် ထို သုံး ဦး လုံး မီး လောင် တိုက် ဒဏ် ခံ ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible14 ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသောအမှုမရှိစေခြင်းငှာ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 တစ်စုံတစ်ယောက်သည် သမီးကိုရောအမေကိုပါ မယားအဖြစ်ယူလျှင် ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။ သင်တို့ထဲ၌ ညစ်ညမ်းသောအမှုမရှိစေရန် ထိုသူနှင့်တကွ မိန်းမနှစ်ဦးစလုံးကို မီးရှို့ပစ်ရမည်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။
ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-