ရာခေလကလည်း``ကျွန်မသည်မိန်းမတို့၏ ဋ္ဌမ္မတာဖြစ်ပေါ်နေချိန်ဖြစ်၍ဖခင်၏ရှေ့မှာ မတ်တပ်မရပ်နိုင်သည်ကိုသည်းခံခွင့်လွှတ် ပါ'' ဟုဆိုလေ၏။ လာဗန်သည်ဘုရားရုပ်တု များကိုရှာသော်လည်းမတွေ့ရချေ။
ဝတ်ပြု 19:32 - Common Language Bible ``အသက်ကြီးသူတို့ကိုရိုသေကိုင်းရှိုင်းရမည်။ ငါ့ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။ Garrad Bible ဆံ ဖြူ သူ့ ရှေ့ ရပ် ခြင်း၊ အ သက် ကြီး သူ၏ မျက် နှာ ကို ရို သေ ခြင်း၊ သင့် ဘု ရား သ ခင် ကို ကြောက် ရွံ့ ခြင်း ပြု လော့။ Judson Bible ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆံပင်ဖြူသူကို အရိုအသေပေးရမည်။ အသက်ကြီးသူကို လေးစားရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
ရာခေလကလည်း``ကျွန်မသည်မိန်းမတို့၏ ဋ္ဌမ္မတာဖြစ်ပေါ်နေချိန်ဖြစ်၍ဖခင်၏ရှေ့မှာ မတ်တပ်မရပ်နိုင်သည်ကိုသည်းခံခွင့်လွှတ် ပါ'' ဟုဆိုလေ၏။ လာဗန်သည်ဘုရားရုပ်တု များကိုရှာသော်လည်းမတွေ့ရချေ။
ထိုနောက်မိမိ၏သားတို့ကိုအဖ၏ဒူးများ ကြားမှထုတ်ပြီးနောက် ယောသပ်သည်အဖ ၏ရှေ့၌ဦးညွှတ်ချလေ၏။
ဗာသရှေဘသည်အဒေါနိယအတွက် လျှောက်ထားရန် မင်းကြီးထံသို့သွားလေ၏။ မင်းကြီးသည်လည်းမယ်တော်ကိုခရီးဦး ကြိုပြုအံ့သောငှာ ထ၍ဦးညွှတ်ပြီးလျှင် ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။ ထို့နောက် အခြားပလ္လင်တစ်ခုခုကိုယူခဲ့စေ၍ မယ် တော်အားမိမိ၏လက်ယာဘက်တွင်ထိုင်စေ တော်မူ၏။-
သင်တို့သည်မိမိတို့အားမဟာတန်ခိုးစွမ်း ရည်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်လာ တော်မူသော ငါထာဝရဘုရား၏စကားကို နားထောင်ရကြမည်။ သင်တို့သည်ငါ့အား ဦးညွှတ်ပျပ်ဝပ်လျက်ယဇ်များကိုပူဇော်ရ ကြမည်။-
ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ။
သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။
လူတိုင်းပင်တစ်ဦးအပေါ်တစ်ဦးအခွင့်ကောင်း ယူ၍ကိုယ်ကျိုးရှာလိမ့်မည်။ လူငယ်လူရွယ်တို့ သည်လူကြီးသူမတို့အားလည်းကောင်း၊ ယုတ် ညံ့သူတို့သည်မြင့်မြတ်သူတို့အားလည်း ကောင်းအရိုအသေကင်းမဲ့ကြလိမ့်မည်။
ရန်သူများသည်ကျွန်တော်မျိုးတို့၏ ခေါင်းဆောင်များအား ဖမ်းဆီး၍စက်တိုင်တင်ကြပါ၏။ သူတို့သည်အသက်ကြီးသူများကိုလည်း ရိုသေလေးစားမှုမပြုကြပါ။
နားပင်းသူကိုမကျိန်ဆဲရ။ မျက်မမြင်၏ရှေ့ တွင်တိုက်မိ၍လဲစရာကိုမချထားရ။ ငါ့ ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။
သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။
သင့်ထက်အသက်ကြီးသောသူအားပြစ်တင် ဆုံးမခြင်းကိုမပြုဘဲသင်၏ဖခင်သဖွယ် တောင်းပန်ပြောဆိုလော့။ သင့်ထက်အသက်ငယ် သောသူတို့အားသင်၏ညီများကဲ့သို့လည်း ကောင်း၊-
ခပ်သိမ်းသောသူတို့ကိုလေးစားကြလော့။ ယုံကြည် သူတို့ကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ ကြလော့။ ဘုရင်ဧကရာဇ်မင်းအားရိုသေကြလော့။