ဇိဘောင်တွင်အာယနှင့်အာနဟူ၍သားနှစ် ယောက်ရှိ၏။ (အာနသည်ဖခင်ဇိဘောင်၏မြည်း များကိုကျောင်းနေစဉ်တောကန္တာရထဲ၌ရေ ပူစမ်းများကိုရှာတွေ့သူဖြစ်သည်။-)
ဝတ်ပြု 19:19 - Common Language Bible ``ငါ၏ပညတ်များကိုစောင့်ထိန်းလော့။ မျိုး မတူသောအိမ်မွေးတိရစ္ဆာန်ချင်းသားမစပ်ရ။ လယ်တစ်ကွက်တည်းတွင်အသီးအနှံနှစ်မျိုး ကိုမစိုက်ပျိုးရ။ ချည်မျှင်နှစ်မျိုးဖြင့်ရက် လုပ်သောအထည်ကိုမဝတ်ဆင်ရ။ Garrad Bible ငါ့ ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် ကြ လော့။ တိ ရိ စ္ဆာန် မျိုး ခြား ကို မိတ် လိုက် စေ ခြင်း၊ လယ် တွင် မျိုး နှစ် မျိုး ကြဲ ခြင်း၊ ကိုယ်၌ ချည် နှစ် မျိုး ရက် ထည် ကို ဝတ် ခြင်း မ ပြု ရ။ Judson Bible ငါ၏ပညတ်တရားကို သင်တို့သည်စောင့်ရကြမည်။ အမျိုးခြားသော တိရစ္ဆာန်အထီးအမတို့ကို မယှက်မတင်စေရ။ ခြားနားသော မျိုးစေ့ကိုရောနှော၍ လယ်၌မကြဲရ။ ဝါနှင့် သိုးမွေးရော၍ရက်သောအဝတ်ကို မဝတ်ရ။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ အမျိုးမတူသောတိရစ္ဆာန်ကို မိတ်မလိုက်စေရ။ သင်၏လယ်ထဲ၌ အမျိုးမတူသောမျိုးစေ့ကို ရောမကြဲရ။ အမျိုးမတူသောချည်ဖြင့် ရက်ထားသောအဝတ်ကို မဝတ်ရ။ |
ဇိဘောင်တွင်အာယနှင့်အာနဟူ၍သားနှစ် ယောက်ရှိ၏။ (အာနသည်ဖခင်ဇိဘောင်၏မြည်း များကိုကျောင်းနေစဉ်တောကန္တာရထဲ၌ရေ ပူစမ်းများကိုရှာတွေ့သူဖြစ်သည်။-)
အစေခံတို့သည်အဗရှလုံအမိန့်ပေးထား သည့်အတိုင်းအာမနုန်ကိုလုပ်ကြံကြ၏။ ထို အခါဒါဝိဒ်၏အခြားသားတော်အပေါင်း တို့သည်လားများကိုစီး၍ထွက်ပြေးကြ လေသည်။
အဗရှလုံသည်ရုတ်တရက်ဒါဝိဒ်၏လူ အချို့နှင့်တွေ့၏။ သူသည်လားကိုစီး၍ ဝက်သစ်ချပင်ကြီးတစ်ပင်အောက်သို့ဝင် လိုက်ရာသူ၏လည်သည်သစ်ကိုင်းများ ကြားတွင်ညပ်၍နေလေ၏။ လားသည်ဆက် လက်၍ပြေးသွားသဖြင့်အဗရှလုံမှာ လေထဲတွင်တွဲလွဲကျန်ရစ်လေတော့သည်။-
မင်းကြီးက``ငါ၏မှူးမတ်တို့ကိုအတူခေါ်ကာ သားတော်ရှောလမုန်အား ငါ၏မြည်းတော်ကို စီးစေ၍ဂိဟုန်စမ်းသို့ပို့ဆောင်ကြလော့။-
ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါမိန့်မှာ သမျှကိုလိုက်လျှောက်လော့။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။-
ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုစောင့်ထိန်းကြလော့။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။''
ငါ၏ပညတ်များကိုစောင့်ထိန်းကြလော့။ ငါသည်သင်တို့အားသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။''
ထာဝရဘုရားက``ငါ၏ပညတ်များကို လိုက်နာကြလော့။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။-
သင်တို့ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန် ထာဝရဘုရား၏ပညတ်တော်ရှိသမျှ ကိုစောင့်ထိန်းလော့။-
ကိုယ်တော်သည်ပုံဥပမာဆောင်လျက် ``မည်သူမျှ အထည်သစ်မှအစတစ်စကိုဆုတ်၍အထည် ဟောင်းကိုဖာရိုးမရှိ။ ယင်းသို့ဖာခဲ့ပါမူ အထည်သစ်ပျက်စီးသွားသည်သာမက၊ အစသစ်နှင့်အထည်ဟောင်းတို့အဆင် အသွေးမတူဘဲရှိလိမ့်မည်။-
ကိုယ်တော်သည်ထိုသူတို့အားကျေးဇူးတော် ကိုအခြေခံ၍ရွေးကောက်တော်မူ၏။ သူတို့ ၏အကျင့်ကိုအခြေခံ၍ရွေးကောက်တော် မူသည်မဟုတ်။ အကယ်၍ဘုရားသခင်၏ ရွေးကောက်တော်မူခြင်းသည် လူ့အကျင့်ကို အခြေခံလျှင်ကိုယ်တော်၏ကျေးဇူးတော် သည်အစစ်အမှန်မဟုတ်။
ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-