ထာဝရဘုရား၏လူမျိုးတော်ချီတက်လာ ချိန်၌ ကိုယ်တော်နှင်ထုတ်တော်မူသောလူမျိုး တို့၏ဋ္ဌလေ့ထုံးစံများကိုလိုက်လျှောက်ကြ ၏။ ဣသရေလဘုရင်တို့တီထွင်ခဲ့သည့် ဋ္ဌလေ့ ထုံးစံများကိုခံယူကျင့်သုံးကြ၏။-
ဝတ်ပြု 18:3 - Common Language Bible သင်တို့နေထိုင်ခဲ့ဖူးသောအီဂျစ်ပြည်ရှိ လူ တို့၏အလေ့အကျင့်များကိုသော်လည်းကောင်း၊ သင်တို့အားငါယခုပို့ဆောင်နေထိုင်စေမည့် ခါနာန်ပြည်ရှိလူတို့၏အလေ့အကျင့်များ ကိုသော်လည်းကောင်းမကျင့်ကြနှင့်။- Garrad Bible သင် တို့ နေ ထိုင် ခဲ့ သော အိ ဂျစ် ပြည် အ ကျင့် ဓ လေ့ အ လိုက် လည်း ကောင်း၊ ငါ ပို့ ဆောင် မည့် ခါ နာန် ပြည် အ ကျင့် ဓ လေ့ အ လိုက် လည်း ကောင်း သင် တို့ မ ပြု မ ကျင့် ရ။ ၎င်း အ ထုံး အ ဖွဲ့ များ အ တိုင်း မ လျှောက် မ လိုက် ကြ ရ။ Judson Bible သင်တို့နေဖူးသော အဲဂုတ္တုပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့ကို ငါပို့ဆောင်လတ္တံ့သော ခါနာန်ပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့သည်မကျင့်၊ သူတို့တရားလမ်းသို့ မလိုက်ရကြ။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့နေထိုင်ခဲ့သည့် အီဂျစ်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သင်တို့ကို ငါပို့ဆောင်မည့် ခါနာန်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သူတို့၏ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ရ။ |
ထာဝရဘုရား၏လူမျိုးတော်ချီတက်လာ ချိန်၌ ကိုယ်တော်နှင်ထုတ်တော်မူသောလူမျိုး တို့၏ဋ္ဌလေ့ထုံးစံများကိုလိုက်လျှောက်ကြ ၏။ ဣသရေလဘုရင်တို့တီထွင်ခဲ့သည့် ဋ္ဌလေ့ ထုံးစံများကိုခံယူကျင့်သုံးကြ၏။-
ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။
သင်တို့သည်သူတို့၏ဘုရားများကိုဦး မချဝတ်မပြုရ။ သူတို့၏ဘာသာဋ္ဌလေ့ အတိုင်းမကျင့်ရ။ သူတို့၏ဘုရားများကို ဖြိုဖျက်၍သူတို့ကိုးကွယ်သောကျောက်တိုင် များကိုချိုးဖျက်ရမည်။-
သူသည်မိမိအပျိုရည်ပျက်ရသည့်အီဂျစ် ပြည်တွင် စတင်ခဲ့သည့်ပြည့်တန်ဆာအလုပ် ကိုဆက်၍လုပ်၏။ သူငယ်မအရွယ်ကပင် လျှင်ယောကျာ်းတို့သည် သူနှင့်အတူအိပ်စက် ကာသူ့အားပြည့်တန်ဆာကဲ့သို့ပြုကျင့် ခဲ့ကြ၏။-
ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံများကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ်သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။-
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ကို သူတို့ကိုးကွယ်သည့်နည်းအတိုင်းမကိုး ကွယ်ရ။-
သူတို့၏ရွံရှာဖွယ်သောသစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ငွေရုပ်တု၊ ရွှေရုပ်တုများ ကိုလည်းသင်တို့မြင်ကြ၏။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အရှေ့ကသူတို့ကိုနှင်ထုတ်ပြီးသော အခါ သင်တို့နှင့်ထိုက်တန်သောကြောင့် ထိုပြည် သို့သင်တို့ကိုပို့ဆောင်၍အပိုင်ပေးတော်မူ သည်ဟုမဆိုကြနှင့်။ သူတို့၏ဆိုးယုတ်မှု ကြောင့် ထာဝရဘုရားသည်ထိုသူတို့ကို နှင်ထုတ်မည်ဖြစ်၏။-