တရားဟော 12:4 - Common Language Bible4 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ကို သူတို့ကိုးကွယ်သည့်နည်းအတိုင်းမကိုး ကွယ်ရ။- အခန်းကိုကြည့်ပါ။Garrad Bible4 ချင်း တို့ နည်း အ လိုက်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဝတ် မ ပြု ရ ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible4 သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအားမပြုရဘဲ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သူတို့ပြုသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။ အခန်းကိုကြည့်ပါ။ |
သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ၍ သူတို့၏ ဘုရားကျောက်တိုင်များကိုချိုးဖျက်ရမည်။ သူတို့ကိုးကွယ်သောဘုရားမအာရှရ၏ တံခွန်တိုင်များကိုမီးရှို့ရမည်။ သူတို့၏ ရုပ်တုများကိုခုတ်လှဲဖျက်ဆီးပစ်ရမည်။ ဤနည်းအားဖြင့်ထိုအရပ်များတွင် ယင်း ဘုရားများကိုကိုးကွယ်မှုပပျောက်သွား လိမ့်မည်။-
ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။-