အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 17:14 - Common Language Bible

သတ္တ​ဝါ​တိုင်း​၏​အ​သက်​သည်​သွေး​၌​တည်​သော ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သွေး ပါ​သော​အ​သား​ကို​မ​စား​ရ။ စား​သော​သူ​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း ကို​ခံ​ရ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ် ခ န္ဓာ တိုင်း၏ အ သက် ကား အ သွေး နှင့် တ ဝ တည်း ဖြစ်၍ ငါ က၊ ကိုယ် ခ န္ဓာ တစ် မျိုး မျိုး၏ အ သွေး ကို မ သုံး ဆောင် ရ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား မြစ် တား ခဲ့ ပြီ။ ဆိုင် ရာ အ သွေး သည် ကိုယ် ခ န္ဓာ အ မျိုး မျိုး၏ အ သက် ဖြစ် သ ဖြင့် သုံး ဆောင် သော သူ တိုင်း ပယ် ရှား ခံ ရ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​သွေး​သည် ခပ်​သိမ်း​သော​ကိုယ်​ခ​န္ဓာ အ​သက်​ရှင်​ရာ​အ​ကြောင်း​ဖြစ်၏။ ထို​ကြောင့် သင်​တို့​သည် တစ်​စုံ​တစ်​ခု​သော​ကိုယ်​ခ​န္ဓာ၏​အ​သွေး​ကို​မ​စား​ရ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ့​အ​မိန့်​တော်​ရှိ၏။ ခပ်​သိမ်း​သော ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်​သော​ကြောင့်၊ အ​သွေး​ကို​စား​သော​သူ မည်​သည်​ကား၊ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား သတ္တဝါ​တိုင်း​၏​အသက်​သည် သွေး​၌​တည်​၏​။ ထိုသို့ အသက်​သည် သွေး​၌​တည်​သောကြောင့် အစ္စရေး​အမျိုးသား​တို့​အား ‘မည်သည့်​သတ္တဝါ​၏​သွေး​ကို​မျှ မ​စား​ရ​။ သတ္တဝါ​တိုင်း​၏​အသက်​သည် သွေး​၌​တည်​သောကြောင့် သွေး​ကို​စား​သော​သူ​မည်သူမဆို သုတ်သင်ပယ်ရှင်း​ခြင်း​ခံရ​မည်’​ဟု ငါ​မိန့်ဆို​ပြီ​။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 17:14
6 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​မ​စား​ရ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​အ​ရာ​ကား​သွေး​ပါ​ရှိ​သည့်​အ​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သွေး​၌​အ​သက်​တည်​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-


မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။


သို့​ရာ​တွင်​ရုပ်တု​အား​ပူ​ဇော်​ထား​သ​ဖြင့် မ​သန့် စင်​သည့်​အ​စား​အ​စာ​များ​ကို​စား​ခြင်း၊ ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ လည်​လိမ်​သား​နှင့်​သွေး​ကို စား​သုံး​ခြင်း​တို့​ကို​မူ​ရှောင်​ရှား​ကြ​စေ​ရန် စာ​ရေး​၍​အ​ကြောင်း​ကြား​သင့်​သည်​ဟု​ငါ ယူ​ဆ​၏။-


သို့​ရာ​တွင်​သွေး​သည်​အ​သက်​ဖြစ်​သော​ကြောင့် သွေး​ကို​မ​စား​ရ။ သို့​ဖြစ်​၍​သွေး​ပါ​ရှိ​သော အသား​ကို​မ​စား​ရ။-