သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
ဝတ်ပြု 16:4 - Common Language Bible ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။ Garrad Bible သန့် ရှင်း သော လက် ကျပ် ပိတ် ဝတ် လုံ ဝတ် ခြင်း၊ ပိတ် ပေါင်း ဘီ ဆင် ခြင်း၊ ပိတ် ခါး ပန်း စည်း ခြင်း၊ ပိတ် ဗောင်း ဆောင်း ခြင်း များ ကို ပြု ရ မည်။ သန့် ရှင်း သော သင်္ကန်း စုံ ဖြစ် သည့် အ လျောက် မ ဝတ် မီ ရေ ချိုး စေ။ Judson Bible သန့်ရှင်းသောပိတ်ချောအင်္ကျီ၊ ပိတ်ချောဘောင်းဘီကိုဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗောင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကိုရေချိုးပြီးမှ ဝတ်ဆင်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း သူသည် ကိုယ်ပေါ်၌ သန့်ရှင်းသောပိတ်ချောအတွင်းသင်တိုင်းနှင့် ပိတ်ချောဘောင်းဘီကိုဝတ်ရမည်။ ပိတ်ချောခါးစည်းကိုစည်း၍ ပိတ်ချောခေါင်းပေါင်းကို ဆောင်းရမည်။ ဤအဝတ်တန်ဆာတို့သည် သန့်ရှင်းသည်ဖြစ်၍ ရေချိုးပြီးမှ ဝတ်ဆင်ရမည်။ |
သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
``အာရုန်နှင့်သူ၏သားများကို ငါစံရာတဲ တော်တံခါးဝသို့ခေါ်ဆောင်ခဲ့ပြီးလျှင် သူ တို့အားရေချိုးစေရမည်။-
သူတို့သည်ငါစံရာတဲတော်ထဲသို့မဝင်မီ ဖြစ်စေ၊ ယဇ်ပလ္လင်ပေါ်တွင်ပူဇော်သကာကို ထာဝရဘုရားထံမပူဇော်မီဖြစ်စေ၊ ထို သို့ခြေလက်ကိုဆေးကြောခြင်းအားဖြင့်၊ အသက်ချမ်းသာရာရမည်။-
``အာရုန်နှင့်သားများကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ်ဆောင် ၍၊ ရေဖြင့်ဆေးကြောသန့်စင်စေလော့။-
ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။
လူများရှိရာတံတိုင်းအပြင်ဝင်းသို့မထွက် မီသူတို့သည်မိမိတို့တာဝန်ထမ်းဆောင်စဉ် ကဝတ်ဆင်ထားသည့်အဝတ်များကိုချွတ်၍ သန့်ရှင်းမြင့်မြတ်သည့်အခန်းများတွင်ထား ခဲ့ရကြမည်။ လူတို့အားဘေးအန္တရာယ်မပေး ရန်သန့်ရှင်းမြင့်မြတ်သည့်အဝတ်အထည်များ ကိုအခြားအဝတ်များနှင့်လဲ၍ဝတ်ရကြ မည်။
ထိုအခါချက်ချင်းပင်လက်နက်တစ်ခု စီကိုင်ဆောင်ထားသောလူခြောက်ယောက်တို့ သည် ဗိမာန်တော်မြောက်ဘက်အပြင်တံခါး မှထွက်၍လာကြ၏။ သူတို့နှင့်အတူပိတ် ချောထည်ကိုဝတ်ဆင်ကာ စာရေးကိရိယာ ကိုယူဆောင်လာသူလူတစ်ဦးလည်းပါ၏။ သူတို့အားလုံးပင်ကြေးဝါယဇ်ပလ္လင် အနီးသို့လာ၍ရပ်ကြ၏။
ထိုနောက်အာရုန်သည်တဲတော်ထဲသို့ဝင်၍ အလွန်သန့်ရှင်းရာဌာနတော်သို့မဝင်မီက ဝတ်ဆင်ခဲ့သောယဇ်ပုရောဟိတ်ဝတ်စုံကို ချွတ်ထားခဲ့ရမည်။-
သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
ဖခင်၏အရိုက်အရာကိုဆက်ခံရန် သိက္ခာ တင်ဆက်ကပ်ပြီးသောယဇ်ပုရောဟိတ်မင်းက သန့်စင်ခြင်းဝတ်ကိုပြုရမည်။ ထိုယဇ်ပုရော ဟိတ်မင်းသည်ယဇ်ပုရောဟိတ်ဝတ်စုံကို ဝတ်ဆင်၍၊-
ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-
သူတစ်ပါးပျောက်ဆုံးသောပစ္စည်းကိုတွေ့ လျက်နှင့် မတွေ့ဟုကျိန်ဆို၍မုသားကို ပြောလျှင်လည်းကောင်း ထာဝရဘုရား အားပြစ်မှားကူးလွန်ရာရောက်သဖြင့်ယဇ် ပူဇော်ရမည်။-
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
ယင်းသို့ပြုမည့်အစားမိမိအလိုအလျောက် ဘုန်းအသရေတော်ရှိသမျှကိုစွန့်၍ အစေခံ၏ဇာတိကိုခံယူတော်မူ၏။ ကိုယ်တော်သည်လူ့အသွင်ကိုယူဆောင်၍ လူကဲ့သို့သောအဖြစ်ကိုခံယူတော်မူပေသည်။
သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။-
သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။-