အဋ္ဌမနေ့၌သူသည်ချိုးနှစ်ကောင်သို့မဟုတ် ခိုနှစ်ကောင်ကို ထာဝရဘုရားစံတော်မူရာ တဲတော်တံခါးဝသို့ယူဆောင်ခဲ့၍ယဇ်ပုရော ဟိတ်ထံပေးအပ်ရမည်။-
ရှစ် ရက် မြောက် သော နေ့၌ ချိုး နှစ် ကောင် ဖြစ် စေ၊ ခို နှစ် ကောင် ဖြစ် စေ ယူ၍ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ပ ရော ဟိတ် ထံ ဆောင် သွင်း ပြီး လျှင်၊
အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
ရှစ်ရက်မြောက်သောနေ့၌ သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။
မိခင်သည်သားကိုဖွားမြင်သည်ဖြစ်စေ၊ သမီးကို ဖွားမြင်သည်ဖြစ်စေသွေးမသန့်သည့်ကာလပြီး ဆုံးသောအခါ မီးရှို့ရာယဇ်ပူဇော်ရန်တစ်နှစ်သား သိုးကလေးကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ပူ ဇော်ရန် ချိုးသို့မဟုတ်ခိုတစ်ကောင်ကိုလည်းကောင်း ထာဝရဘုရားစံတော်မူရာတဲတော်တံခါးဝ သို့ယူဆောင်ခဲ့၍ယဇ်ပုရောဟိတ်ထံအပ်ရမည်။-
မိခင်သည်သိုးကလေးကိုမပူဇော်နိုင်လျှင် ချိုး နှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကိုယူခဲ့ရမည်။ တစ်ကောင်သည်မီးရှို့ရာယဇ်အတွက်ဖြစ်၍ အ ခြားတစ်ကောင်သည်အပြစ်ဖြေရာယဇ်အတွက် ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်မိခင်အတွက် သန့်ရှင်းစေခြင်းဝတ်ကိုဆောင်ရွက်သဖြင့် မိခင် သည်ဘာသာရေးထုံးနည်းအရသန့်ရှင်းလာ လိမ့်မည်။
အဋ္ဌမနေ့တွင်သူသည် ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံ တော်မူရာတဲတော်တံခါးဝသို့ယူဆောင် ခဲ့၍ယဇ်ပုရောဟိတ်ထံပေးအပ်ရမည်။-
အမျိုးသမီးသည်သွေးဆင်းခြင်းရပ်ပြီး နောက် ခုနစ်ရက်ကြာလျှင်ဘာသာရေးထုံး နည်းအရသန့်စင်လာလိမ့်မည်။-
ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက်ငှက်တစ်ကောင်၊ မီးရှို့ရာယဇ်အတွက် အခြားငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထိုအမျိုး သမီးအတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
သိက္ခာတင်မင်္ဂလာပြီးဆုံးသောနေ့၌ မောရှေ သည်အာရုန်၊ သူ၏သားများနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်တို့အားဆင့်ခေါ် လေသည်။-
အဋ္ဌမနေ့တွင်သူသည်ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံတော် မူရာတဲတော်တံခါးဝရှိယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။-
သခင်ယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏စားပွဲ များနှင့်ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-