Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 15:28 - Common Language Bible

28 အ​မျိုး​သ​မီး​သည်​သွေး​ဆင်း​ခြင်း​ရပ်​ပြီး နောက် ခု​နစ်​ရက်​ကြာ​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 အ နာ ပျောက် သော် ခု နစ် ရက် စေ့ မှ သန့် ရာ ရောက် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထို​မိန်း​မ​သည် သွေး​ယို​နာ​ပျောက်၍ ခု​နစ်​ရက်​လွန်​လျှင် စင်​ကြယ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထို​မိန်းမ​သည် သွေးဆင်းခြင်း​မှ စင်ကြယ်​သွား​သောအခါ မိမိဘာသာမိမိ​နေ့ရက်​ခုနစ်​ရက်​ရေတွက်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 15:28
9 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။


``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။-


ယ​ခင်​က​သင်​တို့​တွင်​အ​ချို့​သော​သူ​တို့​သည် ထို​သို့​ဆိုး​ယုတ်​သူ​များ​ဖြစ်​ခဲ့​သော်​လည်း အ​ပြစ်​မှ​ဆေး​ကြော​သုတ်​သင်​ခြင်း​ကို​ခံ ကြ​ရ​ပြီ။ ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သူ များ​ဖြစ်​ကြ​ပြီ။ အ​ရှင်​ယေ​ရှု​ခ​ရစ်​အား ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း သင်​တို့ သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​ပြီ။


ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-


သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင် မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု နာ​မည်​မှည့်​ရ​မည်'' ဟု​ဆို​၏။


ထို​အ​ရာ​တို့​ကို​ထိ​ကိုင်​မိ​သော​သူ​သည်​မ​သန့် စင်​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍ ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-


အ​ဋ္ဌ​မ​နေ့​၌​သူ​သည်​ချိုး​နှစ်​ကောင်​သို့​မ​ဟုတ် ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​၍​ယဇ်​ပု​ရော ဟိတ်​ထံ​ပေး​အပ်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ