အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
ဝတ်ပြု 14:20 - Common Language Bible ဘောဇဉ်ပူဇော်သကာနှင့်တကွ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအား ဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ် ကိုဆောင်ရွက်ပြီးနောက်ရောဂါပျောက်ကင်း သူသည်သန့်စင်လိမ့်မည်။ Garrad Bible ပ လ္လင် တော် ပေါ် တွင် ဘော ဇဉ် သ က္ကာ နှင့် တ ကွ ပူ ဇော် ရာ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သ ဖြင့် သန့် ရာ ရောက် လိမ့် မည်။ Judson Bible မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဖို့ အပြစ်ဖြေခြင်းကိုပြု၍ သူသည်သန့်ရှင်းရ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထိုသူအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်။ |
အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
သတ္တမနေ့တွင်သူ၏ဆံပင်၊ မုတ်ဆိတ်မွေး၊ မျက်ခုံးမွေးနှင့်ကိုယ်ပေါ်မှအမွေးရှိသမျှ ကိုတစ်ဖန်ရိတ်ပြီးလျှင် မိမိအဝတ်များ ကိုဖွပ်လျှော်၍ရေချိုးရမည်။ ထိုအခါသူ သည်ဘာသာရေးထုံးနည်းအရသန့်စင် လိမ့်မည်။
ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။