ဝတ်ပြု 11:35 - Common Language Bible မြေမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုပေါ်သို့ထို သတ္တဝါတို့၏အသေကောင်များကျလျှင် ထိုမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုသည်မသန့် ရှင်းသဖြင့်ခွဲပစ်လိုက်ရမည်။- Garrad Bible မီး ဖို၊ ခုံ လောက် ပေါ် သို့ အ သေ ကောင် ကျ လျှင် မ သန့် သ ဖြင့် ခွဲ ဖျက် ရ မည်။ မ သန့် သည့် အ လျောက် သင် တို့ အ ဖို့ မ သန့်။ Judson Bible အကြင်အရာအပေါ်၌ ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင်ကြယ်ရာသို့ရောက်၍ သင်တို့၌မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုအသေကောင်၏အစိတ်အပိုင်းတစ်ခုခုသည် တစ်စုံတစ်ရာပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ဖိုခနောက်ဖြစ်စေ ဖျက်ပစ်ရမည်။ ထိုအရာတို့သည် မစင်ကြယ်။ သင်တို့အတွက် မစင်ကြယ်။ |
အသေကောင်များမြေအိုးထဲသို့ကျလျှင် အိုးထဲရှိသမျှသည်လည်း ညစ်ညမ်းကုန် သဖြင့်အိုးကိုခွဲရမည်။-
မသန့်ရှင်းသောထိုအိုးမှရေသည်စားစရာ ပေါ်သို့ကျလျှင် ထိုစားစရာသည်လည်း မသန့်ရှင်းချေ။ ထိုအိုးမှသောက်ရေသည် လည်းမသန့်ရှင်း။-
သို့ရာတွင်စမ်းရေတွင်းသို့မဟုတ်ရေလှောင် ကန်ထဲသို့အသေကောင်ကျလျှင် ထိုရေသည် မညစ်ညမ်း။ ထိုအသေကောင်နှင့်ထိမိသော အရာသာလျှင်ညစ်ညမ်းသည်။-
ထိုဖားဥကွက်သည်ကူးစက်တတ်သောဖားဥ မျိုးဖြစ်သဖြင့် ယဇ်ပုရောဟိတ်သည်ပစ္စည်း ကိုမီးရှို့ဖျက်ဆီးရမည်။
ရိနာစွဲသောသူကိုင်မိသောမြေအိုးမြေ ခွက်ကိုခွဲပစ်ရမည်။ သူကိုင်မိသောသစ်သား အိုးသစ်သားခွက်ကိုရေနှင့်ဆေးရမည်။
ယဇ်ကောင်၏အသားကိုပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ အသားကိုကြေးအိုးတွင်ပြုတ် လျှင် ထိုအိုးကိုပွတ်တိုက်၍ရေဆေးရမည်။-