ဝတ်ပြု 11:3 - Common Language Bible ခွာကွဲ၍စားမြုံ့ပြန်တတ်သော တိရစ္ဆာန် များ၏အသားကိုစားနိုင်သည်။- Garrad Bible သား ယဉ် သား ရဲ တို့ အ နက် ခွာ ကွဲ ပြား လျက် စား မြှုံ့ ပြန် တတ် သော အ ကောင် ဟူ သ မျှ ကို စား အပ် ၏။ Judson Bible ခွာကွဲပြား၍စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း တိရစ္ဆာန်တို့ထဲမှ ခွာနှစ်ခြမ်းကွဲ၍ စားမြုံ့ပြန်သောတိရစ္ဆာန်ဟူသမျှ သင်တို့စားခွင့်ရှိ၏။ |
သို့ရာတွင်ကုလားအုတ်၊ ခွေးတူဝက်တူနှင့် ယုန်တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန် တို့သည်စားမြုံ့ပြန်တတ်သော်လည်းခွာမကွဲ သဖြင့် စားရန်မသန့်ရှင်းဟုမှတ်ယူရမည်။-
ဝက်သားကိုလည်းမစားရ။ ဝက်တို့သည်ခွာ ကွဲသော်လည်းစားမြုံ့မပြန်သဖြင့် စားရန် မသန့်ရှင်းဟုမှတ်ယူရမည်။-
ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-
သို့ဖြစ်၍ထာဝရဘုရားက၊ ``ထိုသူတို့အထဲမှထွက်ခဲ့ကြလော့။ သူတို့နှင့်မပေါင်းမဖော်ကြနှင့်။ မသန့်စင်သည့်အရာကိုလက်နှင့်မျှ မပတ်သက်နှင့်။ သို့ပြုလျှင်ငါသည်သင်တို့ကိုလက်ခံမည်။
ဝက်သားကိုမစားရ။ ဝက်သည်ခွာကွဲသော် လည်းစားမြုံ့မပြန်သောကြောင့် မသန့်သော တိရစ္ဆာန်ဟူ၍မှတ်ရမည်။ တားမြစ်ထားသော ဤတိရစ္ဆာန်တို့၏အသားကိုမစားရ။ ယင်း တို့၏အသေကောင်များကိုပင်လျှင်မကိုင် တွယ်ရ။
လူအပေါင်းတို့သည်သင်၏တိုးတက်ခြင်းကို တွေ့ရှိနိုင်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့် တာဝန်ဝတ္တရားတို့ကိုစိတ်ဝင်စား၍ဆောင် ရွက်လော့။-