သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။-
ဝတ်ပြု 11:1 - Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့လိုက်နာရန် အောက်ပါပညတ်များ ကိုမောရှေနှင့်အာရုန်တို့မှတစ်ဆင့်ချမှတ် ပေးတော်မူ၏။ သင်တို့သည်ကုန်းသတ္တဝါ တို့တွင်၊- Garrad Bible မော ရှေ နှင့် အာ ရုန် တို့ အား၊ Judson Bible တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ၍၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား |
သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။-
နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။-
သင်တို့သည်ထိုသတ္တဝါနှင့်အသီးအရွက်တို့ကိုစားသုံးနိုင်ကြ၏။ ထိုအရာအားလုံးကိုသင်တို့စားသုံးရန်ငါပေး၏။-
ထာဝရဘုရားသည် ဣသရေလအမျိုး သားတို့လိုက်နာရန်အတွက် အောက်ဖော်ပြ ပါပညတ်များကိုမောရှေနှင့်အာရုန်တို့ အားချမှတ်ပေးတော်မူ၏။ ယောကျာ်းတစ်ယောက် သည် ရိနာကျနေလျှင်ဖြစ်စေ၊ ရိနာကျ ခြင်းရပ်စဲသွားလျှင်ဖြစ်စေ၊ မသန့်စင်ချေ။-
သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
ပေတရုက``အရှင်ဘုရား၊ အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်းသောအရာ သို့မဟုတ်မသန့်စင်သည့်အရာကို အဘယ် အခါ၌မျှမစားဘူးပါ'' ဟုလျှောက်၏။
သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။