Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 7:2 - Common Language Bible

2 သင်​နှင့်​အ​တူ​သန့်​စင်​သော​တိရစ္ဆာန်​များ​မှ​တစ် မျိုး​လျှင် ခု​နစ်​စုံ​စီ​ကို​ခေါ်​ဆောင်​လော့။ မ​သန့်​စင် သော​တိရစ္ဆာန်​များ​မှ တစ်​မျိုး​လျှင်​အ​ထီး​နှင့် အ​မ​တစ်​စုံ​စီ​ကို​သာ​ခေါ်​ဆောင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2-3 မြေ ကြီး တစ် ပြင် လုံး ပေါ် မှာ တိ ရ စ္ဆာန် မျိုး မ ပြတ် ဆက် နွယ် စေ ခြင်း ငှာ သန့် သော သား မျိုး အ နက် အ ထီး အ မ ခု နစ် စုံ စီ၊ မ သန့် သော သား မျိုး အ နက် အ ထီး အ မ တစ် စုံ စီ၊ လေ သ တ္တ ဝါ မျိုး အ နက် အ ထီး အ မ ခု နစ် စုံ စီ၊ အ သီး အ သီး တို့ ကို သိမ်း ယူ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 မြေ​ကြီး​ပေါ်​မှာ တိ​ရ​စ္ဆာန်​အ​မျိုး​မ​ပျက်​ဆက်​နွယ်​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင် အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ မ​စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​နှစ်​စုံ​စီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2-3 မြေ​တစ်ပြင်လုံး​တွင် မျိုးဆက်​မ​ပြတ်​စေရန် စင်ကြယ်​သော​တိရစ္ဆာန်​ရှိသမျှ​ထဲမှ အထီး​အမ ခုနစ်စုံစီ​၊ မ​စင်ကြယ်​သော​တိရစ္ဆာန်​ထဲမှ အထီး​အမ တစ်စုံစီ​၊ မိုးကောင်းကင်​ငှက်​များ​ထဲမှ​လည်း အထီး​အမ ခုနစ်စုံစီ​တို့​ကို သင်​နှင့်အတူ သိမ်းယူ​ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 7:2
9 ပူးပေါင်းရင်းမြစ်များ  

ငှက်​တစ်​မျိုး​လျှင်​ခုနစ်​စုံ​စီ​ကို​လည်း​ခေါ်​ဆောင် လော့။ တိ​ရစ္ဆာန်​နှင့်​ငှက်​များ​မြေ​ကြီး​ပေါ်​တွင် အ​သက်​ရှင်​၍​မျိုး​ပွား​နိုင်​စေ​ရန်​ဤ​သို့​ပြု လုပ်​လော့။-


ဘု​ရား​သ​ခင်​မိန့်​မှာ​သည့်​အ​တိုင်း​သန့်​စင်​သော တိရစ္ဆာန်​နှင့်​ငှက်၊ မ​သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​မှ တစ်​မျိုး​လျှင် အ​ဖို​နှင့်​အ​မ​အ​စုံ​တို့​သည် နော​ဧ​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-


နော​ဧ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ် ပလ္လင်​ကို​တည်​၍ သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​အ​မျိုး မျိုး​ထဲ​မှ​တစ်​ကောင်​ကျ​စီ​ယူ​လျက် ပလ္လင်​ထက်​တွင် အ​ကောင်​လိုက်​မီးရှို့​ပူ​ဇော်​လေ​၏။-


``ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​ရှင်း​မြင့်​မြတ် သော​အ​ရာ​နှင့်​မ​သန့်​ရှင်း​မ​မြင့်​မြတ်​သော အ​ရာ​တို့​ကွာ​ခြား​ပုံ၊ ဘာ​သာ​ရေး​အ​ရ​သန့် စင်​သော​အ​ရာ​နှင့်​မ​သန့်​စင်​သော​အ​ရာ​ကွာ ခြား​ပုံ​ကို​လူ​တို့​အား​သင်​ကြား​ပေး​ရ​မည်။-


သင်​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ၊ မ​ဆိုင်​သော​အ​ရာ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ တို့​ကို​ခွဲ​ခြား​တတ်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ